ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းအပိုဒ် ၄၁ (ဂ)၊ ၇၀(ခ)၊ ၈၀ (ဂ) အရ ဝန်ကြီးဌာနသည် အဆိုပြုစီမံကိန်းများမှ တင်ပြလာသည့် ပတ်ဝန်းကျင်ဆန်းစစ်ခြင်းဆိုင်ရာ အစီရင်ခံစာများအပေါ် အတည်ပြုကြောင်း သို့မဟုတ် ငြင်းပယ်ကြောင်းဆုံးဖြတ်ချက်ကို အများပြည်သူသိရှိရန်ကြေငြာရမည်ဖြစ်ရာ သက်ဆိုင်ရာဌာနများမှတစ်ဆင့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တင်ပြလာသည့် အောက်ဖော်ပြပါစီမံကိန်း(၂၅) ခု၏ ပတ်ဝန်းကျင်ဆန်းစစ်ခြင်းအစီရင်ခံစာ(၂၅) စောင်ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ခွင့်ပြုချက်ဖြင့် အတည်ပြုပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာဆောင်ရွက်မှုသက်သေခံလက်မှတ်ထုတ်ပေးကြောင်းကို အများပြည်သူသိရှိရန် ကြေငြာလိုက်သည်။ အဆိုပါဆုံးဖြတ်ချက်နှင့်ပတ်သက်၍ အယူခံဝင်လိုပါက ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းအပိုဒ် ၇၀(က)အရ ရက်ပေါင်း(၃၀)အတွင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ အယူခံဝင်နိုင်ကြောင်း အသိပေးကြေငြာလိုက်သည်။

ecd logo

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ရေဒီယိုအစီအစဉ်မှ(၂၁-၅-၂၀၂၃) ရက်နေ့မှ (၂၇-၅-၂၀၂၃) ရက်နေ့အထိ တစ်ပတ်အတွင်း ထုတ်လွှင့်ခဲ့သည့် ပတ်ဝန်းကျင်ဆိုင်ရာ အစီအစဉ်များကို (၂၈-၅-၂၀၂၃) ရက်နေ့ တနင်္ဂနွေနေ့ ညနေ ၄ နာရီ ၁၅ မိနစ်ခန့်တွင် လည်းကောင်း၊ (၂၈-၅-၂၀၂၃) ရက်နေ့မှ (၃-၆-၂၀၂၃) ရက်နေ့အထိ တစ်ပတ်အတွင်း ထုတ်လွှင့်ခဲ့မှုများကို (၄-၆-၂၀၂၃) ရက်နေ့ တနင်္ဂနွေနေ့ ညနေ ၄ နာရီ ၁၅ မိနစ်ခန့်တွင် လည်းကောင်း ဥာဏ်စမ်းပဟေဠိ မေးခွန်း (၈)ခု မေးမြန်းသွားမည်ဖြစ်ပါသည်။ ဖြေဆိုလိုသူများအနေဖြင့် အဆိုပါရက်နေ့များတွင် ညနေ ၄ နာရီခွဲမှ ညနေ ၅ နာရီအတွင်း ဖုန်းနံပါတ် ၀၆၇-၈၀၇၉၂၃၄ သို့ ဆက်သွယ်ဖြေဆိုနိုင်ကြပါသည်။ မေးခွန်း(၈)ခုစလုံးအား သတ်မှတ်ချိန်အတွင်း အမှန်ဆုံးနှင့် အမြန်ဆုံး ဖြေကြားနိုင်သူများကို တစ်ဦးလျှင် (၅၀၀၀/-ကျပ်) ဆုငွေချီးမြှင့်သွားမည်ဖြစ်ပြီး ဆုငွေအား ဖုန်းဖြင့် ငွေလွှဲပေးသွားမည် ဖြစ်ပါသည်။

ecd logo

အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ၏တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးများ ကျင်းပခြင်း အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ၏ မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် စံချိန်စံညွှန်းဆိုင်ရာ လုပ်ငန်းကော်မတီနှင့် ရာသီဥတုပြောင်းလဲမှုလျော့ချရေးနှင့် လိုက်လျောညီထွေဖြစ်စေရေး လုပ်ငန်းကော်မတီ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးများ ကျင်းပခြင်း (၁၄-၈-၂၀၁၇) မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းနှင့် စံချိန်စံညွှန်းဆိုင်ရာ လုပ်ငန်းကော်မတီ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေး

ecd logo