17
Jul

မန္တလေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ အသိပညာပေးဟောပြောပွဲနှင့် လှုပ်ရှားမှု

မန္တလေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ အသိပညာပေးဟောပြောပွဲနှင့် လှုပ်ရှားမှု

“ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလှုပ်ရှားမှုအနေဖြင့် အခြေခံပညာကျောင်းများတွင် ပညာပေးဟောပြောပွဲများ ပြုလုပ်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးသန့်ဇင်ထွန်း ဦးဆောင်သောအဖွဲ့သည် ၁၆.၇.၂၀၁၅ ရက်နေ့ နံနက် (၁၀:၀၀) အချိန်တွင် အ.လ.က(၆) ၌ ကျောင်းအုပ်ဆရာမကြီး နှင့် ဆရာ/ဆရာမ၊ ကျောင်းသား/သူများ (၅၅၀) ဦးကိုလည်းကောင်း၊ ၁၇.၇.၂၀၁၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီ အချိန်တွင် အ.ထ.က(၁၅) ၌ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမ၊ ကျောင်းသား/သူများ (၁၄၀) ဦးကိုလည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့ရာ ဦးစီးအရာရှိ ဦးသန့်ဇင်ထွန်းမှ ညစ်ညမ်းမှုများလျော့ချရေး စနစ်တကျစွန့်ပစ်ပေး၊ ဒုတိယဦးစီးမှူး ဒေါ်ကြယ်စင်ထွန်းမှ အိုဇုန်းလွှာ၏အရေးပါပုံ စသည့်ခေါင်းစဉ်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း ”သတင်းရရှိပါသည်။