28
Jun

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ (၁/၂၀၁၇) လုပ်ငန်းညှိနှိုင်းအစည်းအဝေး

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ (၁/၂၀၁၇) လုပ်ငန်းညှိနှိုင်းအစည်းအဝေး

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ (၁/၂၀၁၇) လုပ်ငန်းညှိနှိုင်းအစည်းအဝေး

သတင်းထုတ်ပြန်ချက်

၂၀၁၇ ခုနှစ် ဇွန်လ ၂၈ ရက်

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏(၁/၂၀၁၇) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၀၈:၃၀) နာရီ အချိန်တွင် နေပြည်တော်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးအမှတ် (၅၃)၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီ ဥတု ပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီဥက္ကဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ လမ်းညွှန်အမှာစကား ပြောကြားပါသည်။

ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက လမ်းညွှန်အမှာစကားပြောကြားရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသို့ မိမိတို့ ဝန်ကြီးဌာနတွင်းနှင့် အခြားဝန်ကြီးဌာနများမှ ပြောင်းရွှေ့ရောက်ရှိလာမည့်အရာထမ်း၊ အမှုထမ်း များကို သင့်လျော်သလို တာဝန်ချဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ရောက်ရှိလာမည့် ဝန်ထမ်းများကို စွမ်းဆောင်ရည်မြှင့်တင်ပေးရန် အရေးကြီးပါကြောင်း၊ အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ ညှိနှိုင်း အစည်း အဝေးကို (၃)ကြိမ် ကျင်းပပြီးဖြစ်ရာ တိုင်းဒေသကြီး/ပြည်နယ်/နေပြည်တော်ကောင်စီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီများ၏ အတွင်းရေးမှူးများဖြစ်သည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ခံများအနေဖြင့် ဗဟိုကော်မတီမှ ချမှတ်သော ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်းတိုင်းတွင် ပတ်ဝန်းကျင်နှင့် လူမှုရေးရာဆိုးကျိုးများကို လျှော့ချနိုင်ရန်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနအနေဖြင့် သက်ဆိုင်ရာဌာန/ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ ဌာန၏ ဥပဒေ၊ နည်းဥပဒေများ၊လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ရေရှည်စီးပွားရေးအတွက် အစိမ်းရောင် စီးပွားရေးကဏ္ဍများ ကို ဦးစားပေးရန် လိုအပ်ပါကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ အခန်းကဏ္ဍသည် ကြီးမားကျယ်ပြန့်ပါကြောင်း၊ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေး၊ အသိပညာပေးရေးအတွက် ကမ္ဘာ့နိုင်ငံအသီးသီး၏ လှုပ်ရှားဆောင်ရွက်ချက် များကို မျက်ခြေမပြတ် စောင့်ကြည့်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်၏ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ပေါင်းစပ်ဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ သို့ပါ၍ မိမိတို့၏ လုံ့လ ဝိရိယ ဉာဏ်စွမ်းအားများ ပြည့်ဝရန်နှင့် တိုင်းဒေသကြီး/ပြည်နယ် တာဝန်ခံများအနေဖြင့် ရှိရမည့် အရည်အချင်း၊ အတွေ့အကြုံများ ပြည့်စုံရန် အလွန်အရေးကြီးပါကြောင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၏ လုပ်ငန်းအများစုသည် သိပ္ပံပညာရပ်များ ဖြစ်သောကြောင့် စနစ်တကျ လေ့လာကြရန် လိုအပ်ပါကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ ဆန်းသပ်ကိရိယာများ စနစ်တကျ ကိုင်တွယ်အသုံးပြုတတ်ကြရန် အရေးကြီးပါကြောင်း၊ မိမိတို့ဌာန၏ မြေနေရာ အဆောက်အဦးပတ်လည်များတွင် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများကို စီမံဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားပါသည်။

အစည်းအဝေးသို့ အမျိုးသားအဆင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ရာသီဥတုပြောင်းလဲမှု ဆိုင်ရာဗဟိုကော်မတီဝင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများ၊ တာဝန်ခံအရာထမ်းများ စုစုပေါင်း (၄၀)ဦး တက်ရောက်ကြပါသည်။

အစီအစဉ်အရ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက မိမိတို့ဌာန၏ ရည်မှန်းချက်သည် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်သူအားလုံး၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာပျော်ရွှင်ရေးအတွက် သန့်ရှင်းသော ပတ်ဝန်းကျင်နှင့် ကောင်းမွန်သော ဂေဟစနစ်ကိုထိန်းသိမ်းရန်၊ အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေးများမှ ဆုံးဖြတ်ချက်များကို လိုက်နာအကောင်အထည်ဖော်ကြရန်၊ ဆောင်ရွက်တိုးတက်မှုများကို ဗဟိုကော်မတီသို့ လစဉ် တင်ပြသွားရန်၊ ပတ်ဝန်းကျင်စီမံအုပ်ချုပ်မှုဆိုင်ရာ ပင်မလုပ်ငန်းအစီအစဉ်ကို တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတွင် ရေးဆွဲအကောင်အထည်ဖော်ကြရန်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ၊ EIA နှင့် EQGs များတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန်၊ ကြီးကြပ်မှုကော်မတီ၊ ဗဟိုကော်မတီများသို့ အဆင့်ဆင့်တင်ပြ၍ လမ်းညွှန်မှုဖြင့် ဆောင်ရွက်သွားကြရန်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်သွားကြရန် စသည်တို့ကို ဆွေးနွေးပြောကြားပါသည်။

ဆက်လက်၍ အစီအစဉ်အရ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ် တာဝန်ခံများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းလုပ်ငန်းအဖွဲ့ (ပတ်ဝန်းကျင်)၊ ဦးစီးရုံးချုပ်မှ ဌာနခွဲအလိုက် တာဝန်ခံများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြခြင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များက သုံးသပ်ဆွေးနွေးတင်ပြခြင်းများ ပြုလုပ်ကာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေး ကို ၁၇:၄၅ နာရီ အချိန်တွင် ရုပ်သိမ်းကြောင်း သတင်းရရှိပါသည်။

 ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန