29
Dec

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဌာန၏ (၅၀/၂၀၂၃)ကြိမ်မြောက် ပတ်ဝန်းကျင်ဆန်းစစ်ခြင်းအစီရင်ခံစာများ စိစစ်သုံးသပ်ခြင်းဆိုင်ရာ ဌာနတွင်းလုပ်ငန်းအစည်းအဝေး ကျင်းပခြင်း

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဌာန၏ (၅၀/၂၀၂၃)ကြိမ်မြောက် ပတ်ဝန်းကျင်ဆန်းစစ်ခြင်းအစီရင်ခံစာများ စိစစ်သုံးသပ်ခြင်းဆိုင်ရာ ဌာနတွင်းလုပ်ငန်းအစည်းအဝေးအား ၂၉-၁၂-၂၀၂၃ ရက်နေ့ နံနက်(၁၀)နာရီမှ (၁၂)နာရီအထိ ရုံးအမှတ်(၅၈)တွင် ကျင်းပခဲ့ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ခံအရာရှိများ စုစုပေါင်း( ၃၀ ) ဦး တက်ရောက်ခဲ့ကြပါသည်။