15
Dec

ရန်ကုန်တိုင်းဒေသကြီး အသိပညာပေးဟောပြောပွဲ

“ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလှုပ်ရှားမှုအနေဖြင့် ပညာပေးဟောပြောပွဲများ ပြုလုပ်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ထက်တေဇာမောင် ဦးဆောင်သောအဖွဲ့သည် ၁၅.၁၂.၂၀၁၅ ရက်နေ့၌ တာမွေမြို့နယ်၊ အ.လ.က(၁) တွင် ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူ (၁၀၈) ဦးကိုလည်းကောင်း၊ တာမွေမြို့နယ်၊ အ.လ.က(၃) တွင် ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ (၂၄၈) ဦးကိုလည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ထက်တေဇာမောင်၊ ဒုတိယဦးစီးမှူး ဒေါ်သက်ဝေနှင်း၊ ဒုတိယဦးစီးမှူး ဒေါ်ယဉ်ဝင်းထက်၊ ဒုတိယဦးစီးမှူး ဒေါ်အေးဝင်းခိုင်၊ လက်ထောက်ဦးစီးမှူး ဒေါ်ဝင့်ဝါချိုတင် တို့မှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အခြေခံအကြောင်းအရာများ၊ စနစ်တကျအမှိုက်စွန့်ပစ်ရေးနှင့် ကြွပ်ကြွပ်အိတ်အကြောင်း၊ ခရမ်းလွန်ရောင်ခြည်နှင့် အိုဇုန်းလွှာကာကွယ်ရေးအကြောင်းအရာများ၊ သစ်ပင်စိုက်ပျိုးခြင်းအကြောင်း၊ သဘာဝပတ်ဝန်းကျင် နှင့်ကြွပ်ကြွပ်အိတ်အကြောင်း စသည့်ခေါင်းစဉ်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း ” သတင်းရရှိ ပါသည်။