11
May

ဧရာဝတီတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ သောက်သုံးရေ လှူဒါန်းခြင်း

  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပြည်သူ့အကျိုးပြုလုပ်ငန်းများ လုပ်ကိုင်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အယ်လ်နီညိုနှင့် ရာသီဥတုပြောင်းလဲခြင်းကြောင့် ရေတွင်း/ရေကန်များခန်းခြောက်ပြီး သောက်သုံးရေရှားပါးလျက်ရှိသော ရပ်ကွက်/ကျေးရွာများသို့ သောက်သုံးရေသွားရောက် လှူဒါန်းခဲ့ရာ (၁၁-၅-၂၀၁၆) ရက်နေ့တွင် ငပုတောမြို့နယ်၊ ပမ္မဝတီကျေးရွာ၊ (၁၃-၅-၂၀၁၆) ရက်နေ့တွင် ပုသိမ်မြို့နယ်၊ ကျောက်ချောင်းကြီးကျေးရွာ၊ (၁၄-၅-၂၀၁၆) ရက်နေ့တွင် ငပုတောမြို့နယ်၊ စဉ့်အိုးဖိုကျေးရွာ၊ (၁၅-၅-၂၀၁၆) ရက်နေ့တွင် သာပေါင်းမြို့နယ်၊ ရှောက်တလုံးကျေးရွာနှင့် (၁၆-၅-၂၀၁၆) ရက်နေ့တွင် ပုသိမ်မြို့နယ်၊ ရေကျော်ရပ်ကွက်များသို့ သောက်သုံးရေ ဂါလံ (၁၀၀၀) စီ သွားရောက် လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။