09
Feb

“အိုဇုန်းလွှာထိန်းသိမ်းရေးမှသည် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးဆီသို့” (Ozone 2 Climate Art Content) ခေါင်းစဉ်ဖြင့် အိုဇုန်းလွှာထိန်းသိမ်းရေးဆိုင်ရာ အနုပညာပြိုင်ပွဲဖိတ်ခေါ်ခြင်း

မွန်ထရီရယ်သဘောတူညီချက်အပါအဝင် ကီဂါလီပြင်ဆင်ချက်နှင့် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ ကျင်းပခြင်းတို့အပေါ် ပြည်သူလူထုများအား အသိပညာပေးခြင်းကို မြှင့်တင် နိုင်ရန် ၂၀၂၁ ခုနှစ် တောင်အာရှနိုင်ငံများ (SA) ၊ အရှေ့တောင်အာရှနိုင်ငံများ (SEA)နှင့် ပစိဖိတ် ကျွန်းနိုင်ငံများ (PIC) ဆိုင်ရာကွန်ယက်၏ အလုပ်ရုံဆွေးနွေးပွဲများတွင် ကျင်းပဆွေးနွေးချက်များ အရ ၂၀၂၂ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့တွင် အာရှပစိဖိတ်ဒေသတွင်းအနုပညာပြိုင်ပွဲ- Ozone2Climate Art Contest ကို ကျင်းပသွားမည်ဖြစ်ပါသည်။

အဆိုပါ အနုပညာပြိုင်ပွဲသို့ မြန်မာနိုင်ငံအနေဖြင့် ကိုယ်စားပြုပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် နိုင်ငံအဆင့် အနုပညာပြိုင်ပွဲကျင်းပ၍ ပြိုင်ပွဲအမျိုးအစား (၆) မျိုးအတွက် ပထမဆုရရှိသူ (၆) ဦးကို ရွေးချယ်ပြီး ဒေသတွင်းအနုပညာပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။

အဆိုပါ နိုင်ငံအဆင့်အနုပညာပြိုင်ပွဲကျင်းပနိုင်ရေးအတွက် ပြိုင်ပွဲများအား ဖိတ်ခေါ် ကြော်ငြာစာ(Poster)တွင် ပါရှိသော အသေးစိတ်အချက်အလက်များအား download လုပ်ယူ၍ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါသည်။

www.ecd.gov.mm  website တွင် လျှောက်လွှာပုံစံ pdf ဖိုင် ကို download လုပ်ယူ၍ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါသည်။

Loader Loading...
EAD Logo Taking too long?
Reload Reload document
| Open Open in new tab
Loader Loading...
EAD Logo Taking too long?
Reload Reload document
| Open Open in new tab