11
Jan

ကရင်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အသိပညာပေးလှုပ်ရှားမှု

“ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများ၊ လုပ်ငန်းရှင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူလူထုအကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာတိုးပွား လာစေရန် အတွက် ပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ကရင်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ၁၁-၁-၂၀၁၉ ရက်နေ့တွင် ဦးစီးအရာရှိ ဦးကျော်ဆန်းသည် ဘားအံ့မြို့နယ်၊ အ.ထ.က(နောင်လုံ)ကျောင်း၌လည်းကောင်း၊ ၁၉-၁-၂၀၁၉ ရက်နေ့တွင် လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စွာဝင်းနှင့် ဦးစီးအရာရှိ ဦးတင်ထွန်းအောင်တို့သည် မြဝတီခရိုင်၊ လေးကေ့ကော်မြို့၌လည်းကောင်း၊ ၂၂-၁-၂၀၁၉ ရက်နေ့တွင် ဦးစီးအရာရှိ ဦးကျော်ဆန်းနှင့် ဦးစီးအရာရှိ ဒေါ်ရွှေအိမ်ပွင့်တို့သည် လှိုင်းဘွဲ့မြို့နယ်၊ အ.ထ.က(ခွဲ) ဝင်းစိန်ကျောင်းနှင့် အ.ထ.က.(ခွဲ) မဲဆမိတ်ကျောင်းတို့၌လည်းကောင်း ၊ ၂၄-၁-၂၀၁၉ ရက်​နေ့တွင် ဦးစီးအရာရှိ ဒေါ်အေးဝင်းခိုင်သည် လှိုင်းဘွဲမြို့နယ်၊ အ.ထ.က(ကော့ကျိုက်)ကျောင်း၌ လည်းကောင်း၊ ၂၈-၁-၂၀၁၉ ရက်နေ့တွင် ဦးစီးအရာရှိ ဒေါ်ရွှေအိမ်ပွင့်သည် ဘားအံမြို့၊ လှာကမြင်ကွက်သစ်ပြည်နယ်၊ သတ္တုတွင်းဦးစီးဌာန၌လည်းကောင်း “အမှိုက်များစနစ်တကျ စွန့်ပစ်ခြင်းနှင့် စည်းကမ်းမဲ့အမှိုက် စွန့်ပစ်ခြင်းအန္တရာယ်၊ သက်ရှိလောကတည်မြဲဖို့ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းစို့၊ ရာသီဥတုပြောင်းလဲမှုလျော့ချရေးနှင့် လိုက်လျောညီထွေ နေထိုင်ရေး၊ စနစ်တကျအမှိုက်စွန့်ပစ်ခြင်း၊ အမှိုက်နှင့် ကြွပ်ကြွပ်အိတ်စနစ်တကျ စွန့်ပစ်ရေးနှင့် စွန့်ပစ်ပစ္စည်းစနစ်တကျစီမံခန့်ခွဲရေး၊ စီမံကိန်းလုပ်ငန်းစိစစ်အတည်ပြုခြင်း လုပ်ငန်းစဉ် အဆင့်ဆင့်တွင်ပါဝင်သည့် သတ္တုကဏ္ဍနှင့် ပတ်သက်၍ စီမံကိန်းအဆိုပြုလွှာတွင် ပါဝင်ရမည့် အချက်များ၊နယ်ပယ်အတိုင်းအတာသတ်မှတ်ခြင်းအစီရင်ခံစာတွင် ပါဝင်ရမည့်အချက်များ၊ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း အစီရင်ခံစာတွင်ပါဝင်ရမည့်အချက်များ၊ ကနဦးပတ်ဝန်းကျင် ဆန်းစစ်ခြင်း အစီရင်ခံစာတွင် ပါဝင်ရမည့်အချက်များ၊ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ်တွင် ပါဝင်ရမည့်အချက်များ၊ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း လုပ်ထုံးလုပ်နည်းပါ သတ္တုတူး ဖော်ထုတ်လုပ်ခြင်း လုပ်ငန်းအတွက် သတ်မှတ်ချက်များနှင့် သတ္တုကဏ္ဍ EIA/IEE/EMP အစီရင်ခံစာများအပေါ် စိစစ် တွေ့ရှိချက်များ” စသည့် ခေါင်းစဉ်ဖြင့်  ဟောပြောပို့ချ ဆွေးနွေးခဲ့ပြီး စုစုပေါင်း (၁၃၅၃) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။”