17
Jan

မကွေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အသိပညာပေး လှုပ်ရှားမှု

 မကွေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ် လျက်ရှိရာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာလှိုင် ဦးဆောင်သောအဖွဲ့သည် ၁၇-၁-၂၀၁၇ ရက်နေ့တွင် ယင်းဆိပ် အ.ထ.က(ခွဲ)၊ မိကျောင်းရဲ အ.ထ.က၊ မြင်ကွန်း အ.ထ.က၊ ကံပြား အ.ထ.က တို့၌ ဆရာ/ဆရာမ၊ ကျောင်းသား/သူ (၉၅၀) ဦးကို အသိပညာပေးဟောပြောခဲ့ရာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာလှိုင်မှ ကမ္ဘာကြီးပူနွေးလာခြင်း၏ နောက်ဆက်တွဲအကျိုးသက်ရောက်မှုများ၊ ဦးစီးအရာရှိ ဦးလမင်းသန်းမှ မြေကမ္ဘာအကြောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ရီမာဘိုမှ ပတ်ဝန်းကျင်ညစ်ညမ်းမှုဖြစ်ပေါ်ရသည့် အကြောင်းအရင်းများနှင့် အကျိုးသက်ရောက်မှုများ၊ ဒုတိယဦးစီးမှူး ဦးစိန်းမောင်ဌေးမှ သက်ရှိလောကတည်မြဲဖို့ ပတ်ဝန်းကျင်ကိုထိန်းကြစို့၊ လက်ထောက်ဦးစီးမှူး ဒေါ်အေးအေးမိုးမှ သဘာဝပတ်ဝန်းကျင်နှင့် ကြွပ်ကြွပ်အိတ် စသည့်ခေါင်းစဉ်များကို ဆွေးနွေးဟောပြောခဲ့ပြီး ‘The Change’ ခေါင်းစဉ်ဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဗွီဒီယိုအား ပြသခဲ့ကြောင်း သတင်းရရှိပါသည်။