03
Jan

စစ်ကိုင်းတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အသိပညာပေးလှုပ်ရှားမှု

 “ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများ၊ လုပ်ငန်းရှင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူလူထုအကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာတိုးပွား လာစေရန်အတွက် ပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ၃-၁-၂၀၁၉ ရက်နေ့တွင် ညွှန်ကြားရေးမှူး ဦးသိန်းဌေး သည် မုံရွာမြို့၊ တော်ဝင်ကျောက်စိမ်းဟိုတယ်၌လည်းကောင်း၊ ၉-၁-၂၀၁၉ ရက်နေ့နှင့် ၁၃-၁-၂၀၁၉ တို့တွင် ဒုတိယဦးစီးမှူး  ဦးခင်မောင်ရင်သည် ဗန်းမောက်မြို့နယ်၊ လယ်နက်ကြီးကျေးရွာ အုပ်စု၊ အဂ္ဂရတနာရွှေတူးဖော်ထုတ်လုပ်ရေးကုမ္ပဏီလီမိတက်နှင့် ပင်လည်ဘူးမြို့နယ်၊ စင်လောင်ကျေးရွာအုပ်စု၊ ကောင်းဆက်သူရိန်ကျောက်မီးသွေးကုမ္ပဏီလီမိတက်တို့၌ လည်းကောင်း၊ ၁၅-၁-၂၀၁၉ ရက်နေ့တွင် လက်ထောက်ညွှန်ကြားရေးမှူး ဦးငွေဇင်သည် ဟုမ္မလင်းမြို့နယ်၊ ဟဲဖက်ကျေးရွာအုပ်စု၊ စိန်မြလွင် ရွှေတူးဖော်ထုတ်လုပ်ရေးကုမ္ပဏီနှင့် ရှင်းသန့်အောင်မြင် ရွှေတူး ဖော်ထုတ်လုပ်ရေးကုမ္ပဏီတို့၌လည်းကောင်း၊ ၁၆-၁-၂၀၁၉ ရက်နေ့နံနက်ပိုင်းတွင် ဒုတိယဦးစီးမှူး ဒေါ်ခင်မျိုးဆက်နှင့် ဒုတိယဦးစီးမှူး ဒေါ်ဆုဝေထွန်းတို့သည် ကနီမြို့နယ်၊ အ.ထ.က(ချောင်းမ)ကျောင်းနှင့် အ.ထ.က(သမင်ခြံ)ကျောင်းတို့၌လည်းကောင်း၊ နေ့လည်ပိုင်းတွင် လက်ထောက်ညွှန်ကြားရေးမှူး ဦးငွေဇင်သည် ဟုမ္မလင်းမြို့နယ်၊ ဟဲဖက်ကျေးရွာအုပ်စု၊ သန်းရွှေရည်အောင်ရွှေတူးဖော်ထုတ်လုပ်ရေးကုမ္ပဏီ၊ ရွှေကြယ်ခုနှစ်စင်းရွှေတူးဖော်ထုတ်လုပ်ရေးကုမ္ပဏီနှင့် အောင်ကိန်းရွှေတူးဖော်ထုတ်လုပ်ရေး ကုမ္ပဏီတို့၌လည်းကောင်း၊  ညနေပိုင်းတွင် ဦးစီးအရာရှိ ဦးညီညီနိုင်သည် ဗန်းမောက်မြို့နယ်၊ မံအင်းမင်းကုန်းကျေးရွာအုပ်စု၊ ဇလပ်ပွင့်ဖူးရွှေတူး ဖော်ထုတ်လုပ်ရေးကုမ္ပဏီနှင့် ဟိန်းဟိန်းသန့်ရွှေတူးဖော်ထုတ်လုပ်ရေးကုမ္ပဏီတို့၌ လည်းကောင်း၊ ၁၈-၁-၂၀၁၉ ရက်နေ့တွင် လက်ထောက်ညွှန်ကြားရေးမှူး ဦးငွေဇင်သည် ဟုမ္မလင်းမြို့နယ်၊ လောင်ဖောင်ကျေးရွာအုပ်စု၊ အောင်ရွှေစင်မြတ် ရွှေတူးဖော်ထုတ်လုပ်ရေးကုမ္ပဏီ၌ လည်းကောင်း၊ ၁၉-၁-၂၀၁၉ ရက်နေ့နံနက်ပိုင်းတွင် ဦးစီးအရာရှိ ဦးညီညီနိုင်သည် ဝန်းသိုမြို့နယ်၊ မော်နိုင်းကျေးရွာအုပ်စု၊ အာရှရွှေအလင်းရောင်ရွှေတူးဖော်ထုတ်လုပ်ရေးကုမ္ပဏီနှင့် နေ့လည်ပိုင်းတွင် လက်ထောက် ညွှန်ကြားရေးမှူး ဦးငွေဇင်သည် ဟုမ္မလင်းမြို့နယ်၊ နောင်ခမ်းကျေးရွာအုပ်စု၊ ကျော်ထက်နိုင်ရွှေတူး ဖော်ထုတ်လုပ်ရေးကုမ္ပဏီတို့၌လည်းကောင်း၊ ၂၀-၁-၂၀၁၉ ရက်နေ့တွင် လက်ထောက်ညွှန်ကြားရေးမှူး ဦးငွေဇင်သည် ဟုမ္မလင်းမြို့နယ်၊ နောင်ခမ်းကျေးရွာအုပ်စု၊ စုစည်းညီညွတ်သောရွှေညီအစ်ကိုများ ရွှေတူးဖော်ထုတ်လုပ်ရေးကုမ္ပဏီ၌လည်းကောင်း၊ ၂၂-၁-၂၀၁၉ ရက်နေ့နံနက်ပိုင်းတွင် ဦးစီးအရာရှိ ဒေါ်ခိုင်ဝါဆန်းနှင့် ဒုတိယဦးစီးမှူး ဒေါ်ခင်မျိုးဆက်တို့သည် ပုလဲမြို့နယ်၊ အ.ထ.က(မင်းတိုင်ပင်) ကျောင်းနှင့် အ.ထ.က(ပုလဲ)ကျောင်းတို့၌ လည်းကောင်း၊ နေ့လည်ပိုင်းတွင် ဒုတိယဦးစီးမှူး ဦးစိုးနိုင်ဦးသည် ကလေးဝမြို့နယ်၊ လဘင်ချောင်းဒေသ၊ ထူးအပြည်ပြည်ဆိုင်ရာ ကျောက်မီးသွေးတူး ဖော်ထုတ်လုပ် ရေးကုမ္ပဏီလုပ်ကွက် ဧရိယာအတွင်း၌လည်းကောင်း၊ ၂၃-၁-၂၀၁၉ ရက်နေ့နံနက်ပိုင်းတွင် ဒုတိယဦးစီးမှူး ဦးစိုးနိုင်ဦးသည် ကလေးဝမြို့နယ်၊ သစ်ချောက်ဒေသ၊ မက်စ်မြန်မာ ကျောက်မီးသွေး တူးဖော်ထုတ်လုပ်ရေး ကုမ္ပဏီ၌လည်းကောင်း၊ နေ့လည်ပိုင်းတွင် လက်ထောက်ညွှန်ကြားရေးမှူး ဦးငွေဇင်သည် ဟုမ္မလင်းမြို့နယ်၊ ကျွန်းကုန်းကျေးရွာအုပ်စု၊ ခိုင်စိုးလင်းရွှေတူးဖော်ထုတ်လုပ်ရေးကုမ္ပဏီ၌ လည်းကောင်း၊ ၂၆-၁-၂၀၁၉ ရက်နေ့တွင် ဒုတိယဦးစီးမှူး ဦးစိုးနိုင်ဦးသည် ကလေးဝမြို့နယ်၊ လဘင်ချောင်းဒေသ၊ ထူးအပြည်ပြည်ဆိုင်ရာကျောက်မီးသွေး တူးဖော်ထုတ်လုပ်ရေးကုမ္ပဏီ ရုံးခန်း၌လည်းကောင်း  “လမ်းခင်းကျောက်ထုတ်လုပ်မှုနှင့် ပတ်သက်ပြီး ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း လုပ်ထုံးလုပ်နည်း၊ လုပ်ငန်းခွင်ဘေးအန္တရယ်ကင်းရှင်းရေးနှင့် ဓာတု ပစ္စည်း၏ဆိုးကျိုးများအကြောင်း၊ သတ္တုတွင်းပိတ်သိမ်းခြင်းလုပ်ငန်းအတွက် ပတ်ဝန်းကျင်ဆိုင်ရာအသိပညာပေးခြင်း၊ မှန်လုံအိမ်အာနိသင်နှင့် ကမ္ဘာကြီးပူနွေးလာမှု၊ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာအကြောင်းအရာများ၊ ကျောက်မီးသွေးတွင်း မြေအောက်လုပ်သားများ ဘေးအန္တရာယ်ကင်းရှင်းရေး ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာ ပေးခြင်း” စသည့် ခေါင်းစဉ်ဖြင့်  ဟောပြောပို့ချ ဆွေးနွေးခဲ့ပြီး စုစုပေါင်း (၁၉၃၁) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။”