06
Jul

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးချုပ်၏ လုပ်ငန်းဆောင်ရွက်မှု

 ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် UNDP တို့ဦးဆောင်၍ အမျိုးသားပတ်ဝန်းကျင်ရေးရာ မူဝါဒဆိုင်ရာ တတိယအကြိမ် အကြံပြုဆွေးနွေးခြင်း အလုပ်ရုံဆွေးနွေးပွဲကို (၆-၇-၂၀၁၆) ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် နေပြည်တော်၊ သင်္ဂဟဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းမှ အဖွင့်အမှာစကားပြောကြားပြီး Diplomatic Mission of Finland, Head of Mission, Mr. Jarmo Kuuttila နှင့် Deputy Resident Representative, Ms. Thuy Hang To တို့မှ ဆက်လက်အမှာစကား ပြောကြားခဲ့ပါသည်။

     အဆိုပါဆွေးနွေးပွဲသို့ ဌာနဆိုင်ရာအကြီးအကဲများနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ အရာထမ်းများ စုစုပေါင်း (၁၂၅) ဦးခန့် တက်ရောက်ခဲ့ပြီး ညနေ (၁၇:၃၀) နာရီ အချိန်တွင် ပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။