03
Aug

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနလုပ်ငန်းဆောင်ရွက်မှု

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနလုပ်ငန်းဆောင်ရွက်မှု

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးအမှတ်(၅၃)၊ နေပြည်တော်၊ ရုံးချုပ်အစည်းအဝေးခန်းမ၌ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၃) ရက်နေ့တွင်  (၀၉:၃၀) နာရီမှ (၁၆:၃၀) နာရီအချိန်အထိ မကွေးတိုင်းဒေသကြီး၊ မန်းရေနံမြေတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် Re-development and Enhanced Oil Recovery(EOR) Programme ၏ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း  (EIA) အစီရင်ခံစာနှင့် Block AD3 တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် (EIA) အစီရင်ခံစာတို့နှင့် ပတ်သက်၍ (၁၅/၂၀၁၇) ကြိမ်မြောက် အစည်းအဝေးအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်း ဦးဆောင်၍ သတ္တုနှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း အစီရင်ခံစာ စိစစ်သုံးသပ်ရေးအဖွဲ့ဝင်များ၊ MPRL E & P Pte., Ltd မှ တာဝန်ရှိသူများ၊ Ophir Myanmar Limited မှ တာဝန်ရှိသူများနှင့် ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။