29
Dec

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အခြေခံဓာတ်ခွဲနည်းပညာသင်တန်း (၂/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခြင်း

ကျောက်ဆည်မြို့ရှိ ဇီဝနည်းပညာသု‌တေသနဦးစီးဌာနနှင့် မန္တလေးတိုင်းဒေသကြီးပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အခြေခံဓာတ်ခွဲနည်းပညာ သင်တန်း (၂/၂၀၂၃) သင်တန်းဖွင့်လှစ်ရာ ဖွင့်ပွဲအခမ်းအနားကို ကျောက်ဆည်မြို့ ဇီဝနည်းပညာ သု‌တေသနဦးစီးဌာန၌ (၂၆-၁၂-၂၀၂၃) ရက်နေ့ နံနက် (၀၉:၀၀)နာရီတွင် ကျင်းပခဲ့ပါသည်။ သင်တန်းကို ဓါတ်ခွဲ ပစ္စည်းနမူနာများ ကောက်ယူမှုနည်းစနစ်၊ ဓာတ်ခွဲနည်းအခြေခံ ဆောင်ရွက်မှုနည်းစနစ်နှင့် ဇီဝနည်း ပညာသုံးရေဆိုးသန့်စင်ခြင်းဆိုင်ရာ အ‌ခြေခံဆောင်ရွက်မှုများကို စာတွေ့လက်တွေ့ လေ့ကျင့် သင်ကြား ပို့ချသွားမည်ဖြစ်ပြီး၊ သင်တန်းကာလမှာ (၂၆-၁၂-၂၀၂၃) မှ (၂၉-၁၂-၂၀၂၃) ထိ ဖြစ်ကာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ နည်းပညာတက္ကသိုလ်နှင့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများအပြင် ပုဂ္ဂလိက/ကုမ္ပဏီ ဝန်ထမ်းများ စုစုပေါင်း (၃၂)ဦး တက်ရောက်ခဲ့ကြပါသည်။