07
Jan

ပဲခူးတိုင်းတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အသိပညာပေးလှုပ်ရှားမှု

 “ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများ၊ လုပ်ငန်းရှင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူလူထုအကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာတိုးပွား လာစေ ရန်အတွက် ပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ၇-၁-၂၀၁၉ ရက်နေ့နှင့် ၁၄-၁-၂၀၁၉ ရက်နေ့တို့တွင် ညွှန်ကြားရေးမှူး ဒေါ်မိုင်အက်စတာသည် ပဲခူးမြို့၊  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၌လည်းကောင်း၊ ၁၄-၁-၂၀၁၉ ရက်နေ့၊ ၁၆-၁-၂၀၁၉ ရက်နေ့နှင့် ၁၈-၁-၂၀၁၉ ရက်နေ့တို့တွင် ဦးစီးအရာရှိ ဒေါ်သဲသီရိထွန်းနှင့် ဒုတိယဦးစီးမှူး ဒေါ်အေးသက်မွန်မြင့်တို့သည် ပဲခူးမြို့၊ အ.ထ.က(ခွဲ)(နတ်ကင်း)ကျောင်း၊ အ.လ.က(ခွဲ)ဝင်္ဂဘော်ကျောင်း၊ အ.လ.က(ခွဲ) (အောက်စည်တီး၊အရှေ့)ကျောင်း၊ အ.လ.က(ခွဲ)(အောက်စည်တီး၊အနောက်)ကျောင်း၊ အ.ထ.က (ကျောက်တန်း)ကျောင်းနှင့် အ.လ.က(ခွဲ)(ဆယ်မိုင်ကုန်း)ကျောင်းတို့၌လည်းကောင်း၊ ၂၁-၁-၂၀၁၉ ရက်နေ့တွင် ဒုတိယဦးစီးမှူး ဒေါ်စန္ဒာလင်းနှင့် ဒုတိယဦးစီးမှူး ဒေါ်အေးသက်မွန်မြင့်တို့သည် ပဲခူးမြို့၊ မူလွန်(တောင်သူစု)ကျောင်းနှင့် မူလွန်(ပန်းခြံကုန်း) ကျောင်းတို့၌လည်းကောင်း၊ ၂၃-၁-၂၀၁၉ ရက်နေ့၊ ၂၄-၁-၂၀၁၉ ရက်နေ့နှင့် ၂၅-၁-၂၀၁၉ ရက်နေ့တို့တွင် ဦးစီးအရာရှိ ဒေါ်သဲသီရိထွန်းနှင့် ဒုတိယဦးစီးမှူး ဒေါ်စန္ဒာလင်းတို့သည် ပဲခူးမြို့၊ အ.ထ.က(ခရမ်း) သနပ်ပင်ကျောင်း၊ ဒိုက်ဦးမြို့နယ်၊ အ.လ.က(ခွဲ)(ကတုတ်(ရွာမ))ကျောင်း၊ ပဲခူးမြို့၊ အ.လ.က(ခွဲ) ဝေါလမ်းကျောင်း၊ ထုံးကြီးစံပြကျေးရွာ၊ အ.ထ.က(ထုံးကြီး)ကျောင်းနှင့် အ.လ.က(ခွဲ)(ထုံးကြီး) ကျောင်းတို့၌လည်းကောင်း၊“ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများ လိုက်နာဆောင်ရွက်ရန် အုတ်ဖုတ်လုပ်ငန်းရှင်များအား အသိပညာပေးခြင်း၊ အမှိုက်နှင့်ကြွပ်ကြွပ်အိတ်စနစ်တကျစွန့်ပစ်ခြင်းနှင့် သဘာဝ ပတ်ဝန်းကျင်၊ ကျွန်ုပ်တို့အနာဂါတ် သာယာလှပဖို့ အမှိုက်စနစ်တကျစွန့်ပစ်စို့၊ တခါသုံးပလတ်စတစ်အသုံးပြုမှုအား လျော့ချကြပါစို့၊ ” စသည့် ခေါင်းစဉ်ဖြင့် ဟောပြောပို့ချ ဆွေးနွေးခဲ့ပြီး စုစုပေါင်း (၂၉၇၄) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။”