03
Jul

ကယားပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ အသိပညာပေးဟောပြောပွဲနှင့် လှုပ်ရှားမှု

“ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလှုပ်ရှားမှုအနေဖြင့် အခြေခံပညာကျောင်းများတွင် ပညာပေးဟောပြောပွဲများ ပြုလုပ်လျက်ရှိရာ ကယားပြည်နယ်၊ ပြည်နယ်တာဝန်ခံ ဦးမော်မော်ကို ဦးစီးအရာရှိ ဦးဆောင်သောအဖွဲ့သည် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ၃.၇.၂၀၁၅ ရက်နေ့ နေ့လည် (၁၃:၀၀) အချိန်တွင် လွိုင်ကော်မြို့၊ ချိကယ်ကျေးရွာ၊ အ.ထ.က(ကျောင်းခွဲ) ၌ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမ၊ ကျောင်းသား/သူများ (၃၅၀) ဦးကို ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဦးစီးအရာရှိ ဦးမော်မော်ကိုမှ ကမ္ဘာ့ပတ်ဝန်းကျင်အခြေအနေနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆောင်ရွက်ရန် လိုအပ်ရခြင်းအကြောင်း၊ ကြွပ်ကြွပ်အိတ်လျော့ချသုံးစွဲရန် စသည့်ခေါင်းစဉ်များကို ဆွေးနွေး ပြောကြားခဲ့ကြောင်း ”  သတင်းရရှိပါသည်။