09
Jan

ကချင်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အသိပညာပေးလှုပ်ရှားမှု

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများ၊ လုပ်ငန်းရှင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူလူထုအကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာတိုးပွား လာစေရန်အတွက် ပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ကချင်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ၉-၁-၂၀၁၉ ရက်နေ့တွင် ဒုတိယဦးစီးမှူး ​​ဒေါ်အိမွန်ခိုင်နှင့် ဦးစီးအရာရှိ ဦးမျိုးသီဟတို့သည် မိုးညှင်းမြို့၊ အ.မ.က(သိမ်အင်း)ကျောင်းနှင့် အ.မ.က(နတ်ကြီးကုန်း)ကျောင်း၌လည်းကောင်း၊ ၁၁-၁-၂၀၁၉ ရက်နေ့တွင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်အေးနှင့် (WCS) တာဝန်ခံ ​​ဒေါ်ခင်ထွေးယဉ်တို့သည် မြစ်ကြီးနားမြို့၊ အ.ထ.က(ဇီးလွန်)ကျောင်း၌လည်းကောင်း၊ ၂၂-၁-၂၀၁၉ ရက်နေ့တွင် ဦးစီးအရာရှိ ဦးမျိုးသီဟသည် မိုးညှင်းမြို့၊ မူလွန်-အရှေ့စုကျောင်း၌လည်းကောင်း၊ ၂၃-၁-၂၀၁၉ ရက်နေ့နှင့် ၂၅-၁-၂၀၁၉ တို့တွင် ဒုတိယဦးစီးမှူး ဦးဇာနည်အောင်သည် ဗန်းမော်မြို့၊ အမှတ်(၃)-မူလွန်ကျောင်းနှင့် အ.လ.က(ခွဲ) (န.တ.လ) ကျောင်းတို့၌လည်းကောင်း၊ ၂၈-၁-၂၀၁၉ ရက်နေ့နှင့် ၂၉-၁-၂၀၁၉ ရက်နေ့တို့တွင် ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းစိုးသည် မြစ်ကြီးနားမြို့၊ ဂျန်မိုင်ကောင်စစ်ရှောင်စခန်း( နှစ်ခြင်းအသင်းတော်)၌ လည်းကောင်း၊ ၂၉-၁-၂၀၁၉ ရက်နေ့ နေ့လည်ပိုင်းတွင် ဒုတိယဦးစီးမှူး ဦးဇာနည်အောင်သည် ဗန်းမော်မြို့၊ အ.လ.က(ခွဲ)- ဟဲလုံသစ်ကျောင်း၌လည်းကောင်း၊  ၃၀-၁-၂၀၁၉ ရက်နေ့တွင် ဦးစီးအရာရှိ ဦးအေးမင်းနှင့် ဒုတိယဦးစီးမှူး ဦးဇာနည်အောင်တို့သည် ဗန်းမော်မြို့၊ အ.လ.က(ခွဲ) (ညောင်ပင်သာ)ကျောင်း၊ အ.လ.က(ခွဲ) (သပြေကုန်း)နှင့် အ.လ.က(ခွဲ) (စာဝတီး)ကျောင်းတို့၌ လည်းကောင်း “ပတ်ဝန်းကျင်နှင့်စွန့်ပစ်ပစ္စည်းများအကြောင်းသိကောင်းစရာ၊ ယနေ့ကမ္ဘာနှင့် ရာသီဥတု ပြောင်းလဲမှုများ၊ ပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှုနှင့် ကမ္ဘာမြေထိန်းသိမ်း စောင့်ရှောက်ခြင်း၊ WCS သမိုင်းကြောင်းနှင့် သားငှက်ထိန်းသိမ်းရေးအကြောင်းသိကောင်းစရာများ၊ ကမ္ဘာမြေသာယာဖို့ ပလတ်စတစ် ညစ်ညမ်းမှုကို တိုက်ဖျက်စို့၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အခြေခံအချက်အလက်များ၊ လေထုညစ်ညမ်းမှု၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုနှင့် စနစ်တကျအမှိုက်စွန့်ပစ်မှု” စသည့် ခေါင်းစဉ်ဖြင့် ဟောပြောပို့ချဆွေးနွေးခဲ့ပြီး စုစုပေါင်း (၂၄၅၅) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။”