29
Jun

ရှမ်းပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ အသိပညာပေးဟောပြောပွဲနှင့်လှုပ်ရှားမှု

“ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလှုပ်ရှားမှု အနေဖြင့် အခြေခံပညာကျောင်းများတွင် ပညာပေးဟောပြောပွဲများ ပြုလုပ်လျက်ရှိရာ ရှမ်းပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးတက်တိုးအောင် ဦးဆောင်သော အဖွဲ့သည် ၂၃.၆.၂၀၁၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီ အချိန်တွင် အောင်ပန်းမြို့ အ.ထ.က(၅)၌ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမ၊ ကျောင်းသား/သူများ (၂၅၀) ဦးကိုလည်းကောင်း၊ ၂၉.၆.၂၀၁၅ ရက်နေ့ ညနေ (၁၃:၀၀) နာရီ အချိန်တွင် ဘော်ဆိုင်းကျေးရွာ အ.ထ.က (၆)၌ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမ၊ ကျောင်းသား/သူများ (၂၀၀) ဦးကိုလည်းကောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့ရာ ဦးစီးအရာရှိ ဦးတက်တိုးအောင်မှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများအကြောင်းနှင့် ဒုတိယဦးစီးမှူး ဒေါ်ဂျူလီယာမှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကျောင်းသားဤသူ အားလုံးပါဝင်ပေး စသည့်ခေါင်းစဉ်များကို ဆွေးနွေးပြောကြား ခဲ့ကြောင်း” သတင်းရရှိပါသည်။