30
Dec

ရခိုင်ပြည်နယ်၏ အသိပညာပေးဟောပြောပွဲနှင့် လှုပ်ရှားမှု

“ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိ ပညာပေးလှုပ်ရှားမှုအနေဖြင့် ပညာပေးဟောပြောပွဲများ ပြုလုပ်လျက်ရှိရာ ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်အိအိခိုင် ဦးဆောင်သောအဖွဲ့သည် ၃၀.၁၂.၂၀၁၅ ရက် နေ့၌ ငပလီမြို့နယ်၊ ဂေါ့ရပ်ကွက်တွင် ဒေသခံပြည်သူ (၃၆) ဦးကိုလည်းကောင်း၊ ၃၁.၁၂.၂၀၁၅ ရက်နေ့၌ ငပလီမြို့နယ်၊ စပါးကြီးတွင် ဒေသခံပြည်သူ (၃၂) ဦးကိုလည်းကောင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယဦးစီးမှူး ဒေါ်အိအိခိုင်မှ ရာသီဥတုပြောင်းလဲခြင်းနှင့်လိုက်လျောညီစွာနေထိုင်ခြင်း၊ ဒီရေတောထိန်းသိမ်းကာကွယ်ရေး စသည့်ခေါင်းစဉ်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း ” သတင်းရရှိပါသည်။