02
Nov

မန္တလေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ သင်ခန်းစာပို့ချမှု

 ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးသင်တန်းပို့ချမှုများအနက် ဗဟိုဝန်ထမ်းတက္ကသိုလ်များ၌ ဖွင့်လှစ်လျက်ရှိသော သင်တန်းများတွင် သင်ခန်းစာများပို့ချလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကိုကိုအေးသည် ၂-၁၁-၂၀၁၆ ရက်နေ့ နံနက် (၀၇:၃၀) နာရီမှ (၀၉:၂၀) နာရီအချိန်ထိ ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) တွင်ဖွင့်လှစ်သည့် အလယ်အလတ်အဆင့် အရာထမ်းစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် (၆၀) မှ သင်တန်းသား/သင်တန်းသူ (၇၉) ဦးအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲမှုဘာသာရပ်ကို သင်ကြားပို့ချခဲ့ကြောင်း သတင်းရရှိပါသည်။