21
Jun

ကချင်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ အသိပညာပေး ဟောပြောပွဲ

ကချင်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ အသိပညာပေး ဟောပြောပွဲ

ကချင်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် WCS (Wildlife Conservation Society) တို့ပူးပေါင်း၍ (၂၁-၆-၂၀၁၇) ရက်နေ့နှင့် (၂၂-၆-၂၀၁၇) ရက်နေ့ နံနက်ပိုင်းနှင့် ညနေပိုင်းတို့၌ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မူလွန်-မြေမြင့်၊ အ.လ.ကခွဲ(၁၄)၊ အ.ထ.ကခွဲ(အ.လ.က-၂)၊ ရွှေညောင်ပင်နှင့် အ.လ.က(၁)၊ ရမ်ပူတို့၌ အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့ရာ ကချင်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်စိုးမှ ရာသီဥတုပြောင်းလဲခြင်းနှင့် မြန်မာနိုင်ငံ ပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေ စသည်ခေါင်းစဉ်အား ဆွေးနွေးဟောပြောခဲ့ပြီး သာယာကောင်းမွန်သော ပတ်ဝန်းကျင်ကို ဖန်တီးကြပါစို့ ခေါင်းစဉ်ဖြင့် အုပ်စုလိုက်ပန်းချီပြိုင်ပွဲ ကျင်းပခြင်းများ၊ ဆုရရှိသူများကို ဆုများ အပ်ချီးမြှင့်ခြင်းနှင့် ကျောင်းအုပ်ဆရာမကြီးအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။