24
Jan

စစ်ကိုင်းတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အသိ ပညာပေးလှုပ်ရှားမှု

စစ်ကိုင်းတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ဦးစီးအရာရှိ ဒေါ်ခိုင်ဝါဆန်း ဦးဆောင်သောအဖွဲ့သည် ၁၇-၁-၂၀၁၇ ရက်နေ့တွင် ဘုတလင်မြို့နယ်၊ ညောင်ကန် အ.ထ.က၊ မောင်းထောင် အ.ထ.က၊ ၂၄-၁-၂၀၁၇ ရက်နေ့တွင် ဒီပဲယင်းမြို့နယ်၊ စိုင်ပြင် အ.ထ.က တို့၌ ဆရာ/ဆရာမ၊ ကျောင်းသား/သူ (၁၄၅၀) ဦးကို အသိပညာပေးဟောပြောခဲ့ရာ ဦးစီးအရာရှိ ဒေါ်ခိုင်ဝါဆန်းမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေး၊ ဒုတိယဦးစီးမှူး ဒေါ်နီလာဆွေပိုမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေး စသည့်ဖြင့် ဆွေးနွေးဟောပြောခဲ့ကြပြီး ကျောင်းစာကြည့်တိုက်သို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးစာအုပ် (၅) အုပ်အား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါ သည်။