13
Dec

ဧရာဝတီတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အသိ ပညာပေးလှုပ်ရှားမှု

 ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာတိုးပွားလာစေရန်အတွက် အခြေခံပညာကျောင်းများတွင် ပညာပေးဟောပြောပွဲများ ကျင်းပ ပြုလုပ်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ရွှေရည်အောင် ဦးဆောင်သောအဖွဲ့သည် (၁၃-၁၂-၂၀၁၆) ရက်နေ့တွင် ပုသိမ်မြို့ အ.ထ.က (၈) ၌လည်းကောင်း၊ ဦးစီးအရာရှိ ဦးကျော်နိုင်ဦး ဦးဆောင်သောအဖွဲ့သည် (၁၄-၁၂-၂၀၁၆) ရက်နေ့တွင် ပုသိမ်မြို့ အ.လ.က ၌လည်းကောင်း အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၄၅၀) ဦးခန့်တက်ရောက်ခဲ့ကြပြီး သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သိကောင်းစရာများကို ဆွေးနွေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။