25
Jul

မြန်မာနိုင်ငံ၏ Nationally Determined Contributions (NDCs) ပြုစုရေးဆွဲရေး ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ ညှိနှိုင်းအစည်းအဝေး အခမ်းအနား

မြန်မာနိုင်ငံ၏ Nationally Determined Contributions (NDCs) ပြုစုရေးဆွဲရေး ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ ညှိနှိုင်းအစည်းအဝေး အခမ်းအနား

မြန်မာနိုင်ငံသည် ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကွန်ဗင်းရှင်း (United Nations Framework Convention on Climate Change-UNFCCC) နှင် ပါရီသဘောတူညီချက် (Paris Agreement) တို့၏ အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အလျောက် ပါရီသဘောတူညီချက်၏ အကြိုလုပ်ငန်းစဉ် ဖြစ်သည့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေး ကတိကဝတ်များနှင့် လိုက်လျောညီထွေဖြစ်စေခြင်း ဆိုင်ရာ ဦးစားပေးလုပ်ငန်းစဉ်များ ပါဝင်သည့် Myanmar Intended Nationally Determined Contribution-INDC ကို ဆက်စပ်ဝန်ကြီးဌာန/ဦးစီးဌာနများ၏ အကြံပြုချက်များဖြင့် ရေးဆွဲပြုစုခဲ့ပြီး အဆိုပါ INDCs ကို အခြေခံ၍ Nationally Determined Contributions (NDCs) ကို ရေးဆွဲပြုစု ရမည်ဖြစ်ရာ Myanmar NDC ပြင်ဆင်ပြုစုခြင်းအတွက် “အမျိုးသားအဆင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေး” ဆုံးဖြတ်ချက်အရ “မြန်မာနိုင်ငံ၏ Nationally Determined Contributions (NDCs) ပြုစုရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ ညှိနှိုင်းအစည်းအဝေး” ကို ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့ (ကြာသပတေးနေ့)၊ နံနက် ၉:၀၀ နာရီ အချိန်တွင် နေပြည်တော်၊ Grand Amara Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါညှိနှိုင်းအစည်းအဝေးသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန နှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်များ၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာန နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ် များ၊ Green Climate Fund အတွင်းရေးမှုးရုံးမှ မစ္စ ဒိုင်ယန် မက်ဖတ်ဒ်ဇီယန် (Ms. Diane McFadzien) နှင့် မစ်ရှင်အဖွဲ့ဝင်များ၊ ကုလသမဂ္ဂနဲ့ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဆက်စပ် ဝန်ကြီးဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းမှ ကိုယ်စားလှယ် များ တက်ရောက်ကြပါသည်။ အစည်းအဝေးတွင် NDC ၌ မှန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချရေး ရည်မှန်းချက်များ သတ်မှတ်ပြီး ၎င်းရည်မှန်းချက်များကို ရရှိနိုင်မည့် ဖွံ့ဖြိုးမှုဆိုင်ရာ လမ်းကြောင်းများကို ရွေးချယ်ခြင်း၊ ရည်မှန်းချက်များအပေါ် ထပ်မံအတည်ပြုချက် ရယူခြင်း၊ လျှော့ချမည့် ပမာဏ၊ နည်းလမ်းများကို ဆန်းစစ်အတည်ပြုခြင်း၊ မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာ နှင့် ပင်မလုပ်ငန်း အစီအစဉ် (၂၀၁၈-၂၀၃၀) နှင့်အညီ ဦးစားပေး ဆောင်ရွက်မည့် လိုက်လျောညီထွေဖြစ်စေရေး လုပ်ငန်း များကို ဆန်းစစ်အတည်ပြုခြင်း နှင့် လုပ်ငန်းများအလိုက် ခန့်မှန်းကုန်ကျစရိတ်ခွဲဝေမှုများကို ဆန်းစစ် အတည်ပြုခြင်းတို့ကို အဓိကဆွေးနွေးခဲ့ကြပါသည်။

၂၅-၇-၂၀၁၉ (ကြာသပတေးနေ့)