16
Feb

“ တောမီးလောင်ကျွမ်းခြင်းနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ် ” ခေါင်းစဉ်ဖြင့် ပြည်သူလူထုသို့ အသိပညာပေး (Talk Show) ပြုလုပ်ခြင်း

(၁၅-၂-၂၀၂၄) ရက်နေ့တွင် တောင်ကြီးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre ) ၌ တောင်ကြီးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာနနှင့် တောင်ကြီးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ “ တောမီးလောင် ကျွမ်းခြင်းနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ် ” ခေါင်းစဉ်ဖြင့် ပြည်သူလူထုသို့ အသိပညာပေး (Talk Show) ပြုလုပ်ခဲ့ပါသည်။ အဆိုပါ Talk Show အစီအစဉ်၌ တောမီးလောင်ကျွမ်းခြင်းအကြောင်း၊ တောမီး နှင့်အခြားမီး၏ ကွဲပြားချက်၊ တောမီးအမျိုးအစားများ၊ တောမီးလောင်စေနိုင်သော အဓိကအကြောင်း အရင်း၊ တောမီးလောင်မှုဖြစ်စေသော အကြောင်းအရင်း၊ လူသားတို့၏လုပ်ရပ်ကြောင့် တောမီးလောင် ရခြင်း အကြောင်းအရင်းများ၊ တောမီးလောင်စေသောကာလများ၊ တောမီးလောင်ကျွမ်းခြင်းကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးသက်ရောက်မှုများ၊ မြန်မာနိုင်ငံ၏ တောမီးလောင်ကျွမ်းမှု အခြေအနေ၊ တောမီးလောင်ကျွမ်းမှုကြောင့် မြန်မာနိုင်ငံတွင် ထိခိုက်ခံစားရမှုများ၊ တောမီးလောင်ကျွမ်းခြင်းကြောင့် ဖြစ်ပေါ်လာသည့် မီးခိုးမြူငွေ့အခြေအနေများနှင့် အကျိုးဆက်များ၊ မီးခိုးမြူငွေ့ညစ်ညမ်းမှု၏ အန္တရာယ် များ၊ တောမီးလောင်ခြင်းမှ ကြိုတင်ကာကွယ်ရန်နည်းလမ်းများ၊ တောမီးလောင်ခြင်းနှင့် မီးခိုးမြူငွေ့ ညစ်ညမ်းခြင်းကို လျှော့ချရန်ဆောင်ရွက်သင့်သည့်နည်းလမ်းများ စသည့်အကြောင်းအရာတို့ကို အကျယ် တဝင့် ဆွေးနွေးခဲ့ပါသည်။