26
Oct

ရှမ်းပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အသိပညာပေး လှုပ်ရှားမှု

 ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများနှင့် ပြည်သူလူထုအကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာတိုးပွားလာစေရန်အတွက် ပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ရှမ်းပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ငြိမ်းငြိမ်းခိုင် ဦးဆောင်သောအဖွဲ့သည် ရှမ်းပြည်နယ်၊ မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ရုံးမှ ကြီးမှူးဖွင့်လှစ်သည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းတွင် ၂၆-၁၀-၂၀၁၆ ရက်နေ့ (၁၀:၀၀)နာရီအချိန်၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့်စွန့်ပစ်ပစ္စည်းများအကြောင်း သိကောင်းစရာ ခေါင်းစဉ်များဖြင့် သင်တန်းသား/သူများအား ဆွေးနွေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။