18
May

မန္တလေး တိုင်းဒေသကြီး၏ အသိပညာပေး ဟောပြောပွဲ နှင့် လှုပ်ရှားမှုများ

“ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလှုပ်ရှားမှုအနေဖြင့် အခြေခံပညာကျောင်းများတွင် ပညာပေးဟောပြောပွဲများ ပြုလုပ်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ခိုင်ရည်မွန်လင်း ဦးဆောင်သောအဖွဲ့သည် ၃၀.၁၀.၂၀၁၄ ရက်နေ့ နံနက် (၁၀:၃၀) နာရီ အချိန်တွင် ချမ်းအေးသာစံမြို့နယ်၊ အ.ထ.က(၆) ၌ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာမ များနှင့် ကျောင်းသား/ကျောင်းသူ (၁၄၁) ဦးအား ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိ ပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ဦးစီးအရာရှိ ဒေါ်ခိုင်ရည်မွန်လင်းမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဒုတိယဦးစီးမှူး ဒေါ်ကြယ်စင်ထွန်းမှ လေထုညစ်ညမ်းမှု ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခဲ့ကြောင်း” သတင်းရရှိပါသည်။