07
Feb

ဘားအံမြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

ဘားအံမြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသည် ၆-၂-၂၀၂၄ ရက်နေ့တွင် အ.လ.ကခွဲ ဝင်းကျန်ကျေးရွာနှင့် အ.ထ.ကခွဲ ထုံးအိုင်ကျေးရွာတို့၌ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ ပါသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲတွင် “တောမီးအန္တရာယ်ကာကွယ်ခြင်း” ခေါင်းစဉ်ဖြင့်  အသိပညာပေးဟောပြောခဲ့ပြီး စုစုပေါင်း ကျောင်းသား/သူ (၂၄၈) ဦးနှင့်  (၄၅၀) ဦး တက်ရောက်ခဲ့ ပါသည်။