07
Feb

ကယားပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အသိပညာပေး လှုပ်ရှားမှု

ကယားပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အသိပညာပေး လှုပ်ရှားမှု

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် သတ္တုတွင်းဦးစီးဌာနတို့ပူးပေါင်း၍ ၂-၇-၂၀၁၇ ရက်နေ့ (၁၃:၀၀) နာရီတွင် ဒီးမော့ဆိုမြို့နယ်၊ တနီးလာလဲကျေးရွာ၊ ကြာကန်ဘေး၌ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာသူ/သားများ စုစုပေါင်း(၁၂၀) ဦး တက်ရောက်ခဲ့ပြီး ကယားပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်နိုင်ထွန်းမှ ပတ်ဝန်းကျင်အကြောင်းသိကောင်းစရာနှင့် ရာသီဥတုပြောင်းလဲမှုများအကြောင်း စသည့်ခေါင်းစဉ်များကို ဆွေးနွေးဟောပြောခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင် (၁၂၀) အား ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။