16
Jun

မြန်မာနိုင်ငံ၏ မီနာမားတား ကနဦးဆန်းစစ်ချက်နှင့် အသေးစားနှင့် တစ်နိုင်တစ်ပိုင် ရွှေသတ္တုတူးဖာ်ရေးလုပ်ငန်းများအတွက် အမျိုးသားအဆင့်လုပ်ငန်းစီမံချက် ဖွံ့ဖြိုးရေးဆိုင်ရာ (Development of Minamata Initial Assessment and National Action Plan for Artisanal and Small Scale Gold Mining in Myanmar) စီမံကိန်းတွင် ပါဝင်ဆောင်ရွက်မည့် စီမံကိန်းညှိနှိုင်းရေးမှူး(၁) ဦးနှင့် စီမံကိန်းလက်ထောက်ညှိနှိုင်းရေးမှူး(၁) ဦးခေါ်ယူခြင်း

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနနှင့် UN Enviromnet  တို့ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်  “မြန်မာနိုင်ငံ၏ မီနာမားတား ကနဦးဆန်းစစ်ချက်နှင့် အသေးစားနှင့် တစ်နိုင်တစ်ပိုင် ရွှေသတ္တုတူးဖာ်ရေးလုပ်ငန်းများအတွက် အမျိုးသားအဆင့်လုပ်ငန်းစီမံချက် ဖွံ့ဖြိုးရေးဆိုင်ရာ (Development of Minamata Initial Assessment and National Action Plan for Artisanal and Small Scale Gold Mining in Myanmar) စီမံကိန်း”တွင် ပါဝင်​ဆောင်ရွက်မည့် စီမံကိန်းညှိနှိုင်းရေးမှူး(၁) ဦးနှင့် စီမံကိန်းလက်ထောက်ညှိနှိုင်းရေးမှူး(၁) ဦး တို့အား  ပြင်ပမှ ခေါ်ယူခန့်ထားလိုပါသဖြင့် စိတ်ပါဝင်စားပြီး သတ်မှတ်ချက်နှင့် ကိုက်ညီသူ မည်သူမဆို လျှောက်ထားရန်နှင့် လျှောက်လွှာပိတ်ရက်အား ၃၁-၇-၂၀၂၀ ရက်နေ့ နောက်ဆုံးထား၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးအမှတ် (၅၃)၊ နေပြည်တော်သို့ ပေးပို့ လျှောက်ထားစေလို ပါသည်။

လျှောက်ထားလိုသူများအနေဖြင့် Project Coordinator နှင့် Project Assistant Coordinator တို့အား ခေါ်ယူသည့်ကြော်ငြာစာနှင့် တာဝန်ဝတ္တရားများအား ဌာန၏ website ဖြစ်သော​ www.ecd.gov.mm ၏ သတင်းနှင့်မီဒီယာ အောက်ရှိ pdf Zip ဖိုင်ကို download လုပ်ယူ၍ ကြည့်ရူနိုင်ပါသည်။

 

Loader Loading...
EAD Logo Taking too long?
Reload Reload document
| Open Open in new tab

Download [588.94 KB]