03
Mar

ရခိုင်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အသိပညာပေး လှုပ်ရှားမှု

“ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများနှင့် ပြည်သူလူထုအကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာတိုးပွားလာစေရန်အတွက် ပညာပေး ဟောပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ရခိုင်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးနိုင် ဦးဆောင်သောအဖွဲ့သည် (၃-၃-၂၀၁၆) ရက်နေ့မှ (၂၀-၃-၂၀၁၆) ရက်နေ့ထိ ကျောက်တော်မြို့ အ.မ.က(ရွှေပြည်)နှင့် အ.လ.က(တင်းမ)၌ လည်းကောင်း၊ မြောက်ဦးမြို့ အ.ထ.က(၂)၌လည်းကောင်း၊ ကျောက်ဖြူမြို့ ထွေ/အုပ်ရုံး၊ အုန်းတောကျေးရွာ၊ ကျောက်တင်ဆိပ်ကျေးရွာ၊ ဂုံးချွိန်ကျေးရွာ၊ ဝက်ဆံကျေးရွာ၊ ပြိုင်းဆိပ်ကေကျေးရွာ၊ ကန္ဒီးကျေးရွာ၊ ချောင်းဝကျေးရွာ၊ မင်းတက်တောင်ကျေးရွာ၊ ဝါးနက်ချွန်ကျေးရွာ၊ စနဲကျေးရွာ၊ အလယ်ရွာသစ်နှင့် သဘာဝဘေးလျော့ပါးရေးသင်တန်း တို့၌လည်းကောင်း၊ စစ်တွေမြို့နယ်၊ မောင်နီပြင်ကျေးရွာ၊ အမြင့်ကျွန်းကျေးရွာ၊ ရေချမ်းပြင်ကျေးရွာ၊ ချီလယ်ဝင်းကျေးရွာနှင့် ဓမ္မပါလဘုန်းကြီးကျောင်း တို့၌လည်းကောင်း အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျေးလက်နေပြည်သူလူထုများ စုစုပေါင်း (၁၆၀၃) ဦး တက်ရောက်ခဲ့ပြီး လူသားနှင့်ပတ်ဝန်းကျင်၊ ရာသီဥတုပြောင်းလဲလာမှုနှင့် လိုက်လျောညီထွေနေထိုင်ရေး၊ သဘာဝပတ်ဝန်းကျင်နှင့် ကြွပ်ကြွပ်အိတ်အန္တရာယ်၊ ဒီရေတော ပြုစုထိန်းသိမ်းရေး၊ အိုဇုန်းလွှာနှင့်ခရမ်းလွန်ရောင်ခြည်၊ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာသိမှတ်ဖွယ်များ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။”