07
Feb

(၇၇) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနား ကျင်းပခြင်း

၇-၂-၂၀၂၄ ရက်​နေ့တွင် ကျ​ရောက်​သော (၇၇)နှစ်​မြောက် ရှမ်းပြည်နယ်​နေ့ အခမ်းအနားအား ​တောင်ကြီးမြို့၊ အ​ဝေရာမီးပုံးပျံကွင်းတွင် ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် သတ္တုတွင်းဦးစီးဌာနတို့မှ ခင်းကျင်းပြသထားသော သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနပြခန်းသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်သော ဒေါက်တာဘရွှေ နှင့် ဦးခွန်စံလွင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ လာရောက်ကြည့်ရှုအား​ပေးခဲ့​ကြပါသည်။