18
May

စတုတ္ထအကြိမ် မဟာမဲခေါင်ဒေသခွဲ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးများအစည်းအဝေး ဖွင့်ပွဲ အခမ်းအနား ကျင်းပခြင်း(၂၉.၁.၂၀၁၅)

မြန်မာနိုင်ငံ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာနနှင့် အာရှဖွံ့ဖြိုးရေး ဘဏ်၊ မဟာမဲခေါင်ဒေသခွဲ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပင်မအစီအစဉ် (GMS Core Environment Program) တို့ပူးပေါင်း၍ စတုတ္ထအကြိမ် မဟာမဲခေါင်ဒေသခွဲ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးများ အစည်းအဝေး(Fourth GMS Environment Ministers’Meeting-EMM4) ဖွင့်ပွဲအခမ်းအနားကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက် ၀၈:၃၀ နာရီတွင် နေပြည်တော်ရှိ Hilton Hotel ၌ ကျင်းပသည်။ ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်ဒုတိယသမ္မတ(၁) ဒေါက်တာစိုင်းမောက်ခမ်း၊ သမ္မတရုံး ဝန်ကြီးဌာန(၅) ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း၊ ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဉာဏ်ထွန်းအောင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်ဦးလွင်၊ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်ဇော်၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်အေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်၊ ဒုတိယဝန်ကြီး ဒေါက်တာသက်သက်ဇင်၊ သတ္တုတွင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းထွန်းအောင်၊ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါ်စန္ဒာခင်၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်လဲ့လဲ့သိန်း၊ ပြည်သူ့လွတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီ ဥက္ကဌ ဦးလွန်းသီ၊ အမျိုးသား လွှတ်တော် သတ္တုနှင့်သယံဇာတရေးရာကော်မတီ ဥက္ကဌ ဦးလှဆွေ၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ အရှေ့တောင်အာရှဌာန၊ ညွှန်ကြားရေးမှူးချုပ် Mr. James Nugent ၊ မဟာမဲခေါင်ဒေသခွဲ နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံ Secretary of State H.E. Yin Kimsean၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး H.E. Bentai Wan ၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Madame Bounkham Vorachit၊ ထိုင်းနိုင်ငံ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်းကြီးဌာန ဒုတိယဝန်ကြီး General Ekachai Chansri၊ ဗီယက်နမ်နိုင်ငံသဘာဝ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ H.E. Buicach Tuyen၊ မဟာမဲခေါင်ဒေသခွဲ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ၊ အဆင့်မြင့် အရာရှိကြီးများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် ဆွီဒင်နိုင်ငံအစိုးရ၊ ဖင်လန်နိုင်ငံ အစိုးရတို့မှ ကိုယ်စားလှယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ၊ ပြည်တွင်းရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆက်စပ်ဝန်ကြီးဌာန များမှ ကိုယ်စားလှယ်များ စုစုပေါင်း (၃၀၅) ဦး တက်ရောက်ကြပါသည်။ စတုတ္ထအကြိမ် မဟာမဲခေါင်ဒေသခွဲ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးများအစည်းအဝေးကျင်းပခြင်း စတုတ္ထအကြိမ် မဟာမဲခေါင်ဒေသခွဲ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးများ အစည်း အဝေး(Fourth GMS Environment Ministers’Meeting-EMM4) ကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက် ၀၉:၃၀ နာရီတွင် နေပြည်တော်ရှိ Hilton Hotel ၌ ကျင်းပရာ အစည်းအဝေးသဘာပတိအဖြစ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း မှ သဘာပတိအဖြစ် ဆောင်ရွက်ပြီး တွဲဖက်သဘာပတိအဖြစ် အာရှဖွံ့ဖြိုးရေးဘဏ် အရှေ့တောင်အာရှဌာန ညွှန်ကြားရေးမှူးချုပ် Mr. James Nugent မှ ဆောင်ရွက်ပါသည်။ အစည်းအဝေးတွင် မြန်မာနိုင်ငံ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းမှ လည်းကောင်း၊ မဟာမဲခေါင်ဒေသခွဲ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးများကလည်းကောင်းအသီးသီး အဖွင့်အမှာစကားပြောကြားကြပါသည်။ ဆက်လက်၍ သဘာဝသယံဇာတများ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အထူးအမှာစကားပြောကြား ရာတွင် ဗီယက်နမ်နိုင်ငံ၊ စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Hoang Viet Khang မှလည်းကောင်း၊ စီးပွားရေးနှင့်ဖွံ့ဖြိုးတိုးတက်မှု အကူအညီပေးရေး ကော်မတီ ဥက္ကဌ Dr. Erik Solheim မှလည်းကောင်း၊ GIST Advisory မှ CEO Founder တည်ထောင်သူ Mr. Pavan Sukhdev မှ လည်းကောင်း အသီးသီး အမှာစကားပြောကြားကြပါသည်။ ထို့နောက် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် တွဲဖက်ငွေကြေးထောက်ပံ့သည့် အဖွဲ့ အစည်း (co-financing partners)၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာ ကွန်ဗင်းရှင်း အတွင်းရေးမှူးရုံး၊ အခြားဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မိတ်ဖက်များမှ ကိုယ်စားလှယ် တစ်ဦးစီက အသီးသီး အမှာစကားပြောကြားကြပါသည်။ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ကျင်းပခဲ့ သည့် သဘာဝရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဖိုရမ်၊ ဇီဝမျိုးစုံမျိုးကွဲနယ်မြေများဆိုင်ရာ ဖိုရမ်နှင့် ပတ်ဝန်း ကျင် ဆိုင်ရာ လူငယ်အစည်းအဝေးတို့မှထွက်ပေါ်ရရှိလာသည့် ရလဒ်များကိုလည်းကောင်း၊ အား ကိုယ်စားလှယ်တစ်ဦး ကလည်းကောင်း၊ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ကျင်းပခဲ့သည့် သဘာဝ ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲမှ ထွက်ပေါ်လာသည့် ရလဒ်များကိုလည်းကောင်း တာဝန်ရှိသူ များက တင်ပြကြပါသည်။ ဆက်လက်၍ ဇန်နဝါရီလ ၂၇) ရက်နေ့တွင် ကျင်းပခဲ့သည့် မဟာမဲခေါင်ဒေသခွဲ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဆိုင်ရာအဆင့်မြင့်အရာရှိကြီးများအစည်းအဝေး၏ အစီရင်ခံစာကို ယင်းနေ့ အစည်းအဝေး သဘာပတိဖြစ်သူ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်း က တင်ပြပြီး မဟာမဲခေါင်ဒေသခွဲပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးများမှ အကြံပြု သဘောထားမှတ်ချက်များ ပေးကြပါသည်။ ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းထွန်းက စတုတ္ထအကြိမ် မဟာမဲခေါင်ဒေသခွဲ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးများအစည်းအဝေးဆိုင်ရာ ဝန်ကြီးများပူးတွဲကြေငြာချက် (Joint Ministerial Statement) ကိုတင်ပြပြီး မဟာမဲခေါင်ဒေသခွဲ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးများမှ အတည်ပြုခဲ့ပါသည်။ ဆက်လက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးများ သီးသန့် အစည်းအဝေးကို ကျင်းပရာ မဟာမဲခေါင်ဒေသနိုင်ငံများအတွင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှေ့ဆက်ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ရင်ဆိုင်ဖြေရှင်း အဖြေရှာဖွေထုတ်ရမည့် ကိစ္စရပ်များနှင့် ဒေသဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု မူဘောင် အကောင်အထည်ဖော်မှု စီမံချက် (Regional Investment Framework Implementation Plan 2014-2018) ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးသို့ မဟာမဲခေါင်ဒေသခွဲနိုင်ငံများမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးနှင့် အဆင့်မြင့် အရာရှိကြီး (၂) ဦးစီနှင့် အာရှဖွံ့ဖြိုးရေးဘဏ်မှ ညွှန်ကြားရေးမှူးချုပ်နှင့် အဆင့်မြင့် အရာရှိကြီး (၂) ဦး၊ မဟာမဲခေါင်ဒေသခွဲ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်း ဗဟို ဌာနမှ တာဝန်ရှိသူနှင့် အဆင့်မြင့်အရာရှိကြီး (၂)ဦးစီ၊ စုစုပေါင်း ကိုယ်စားလှယ် (၂၅) ဦး တက်ရောက်ကြပါသည်။ ထို့အပြင် Listening Room တွင် မဟာမဲခေါင်ဒေသခွဲနိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများ၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ မဟာမဲခေါင်ဒေသခွဲ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းဗဟိုဌာနမှ အဆင့်မြင့်ကိုယ်စားလှယ်များ စုစုပေါင်း (၂၅) ဦး တက်ရောက်ကြပါသည်။ မဟာမဲခေါင်ဒေသခွဲ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲကျင်းပခြင်း မဟာမဲခေါင်ဒေသခွဲ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေ ၁၇:၀၀ နာရီတွင် Hilton Hotel ၌ ကျင်းပရာ မြန်မာနိုင်ငံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းထွန်းနှင့် အာရှဖွံ့ဖြိုးရေးဘဏ်၊ အရှေ့တောင်အာရှဌာန ညွှန်ကြားရေးမှူးချုပ် Mr. James Nugent တို့မှ ဇန်နဝါရီလ (၂၇) ရက်နေ့တွင် ကျင်းပခဲ့သည့် စတုတ္ထအကြိမ် မဟာမဲခေါင်ဒေသခွဲ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အဆင့်မြင့်အရာရှိများ အစည်းအဝေး၊ သဘာဝ အရင်းအမြစ်များ ရင်းနှီး မြှုပ်နှံမှုဆိုင်ရာဖိုရမ်၊ ဇီဝမျိုးစုံမျိုးကွဲနယ်မြေဆိုင်ရာ ဖိုရမ်၊ ပတ်ဝန်းကျင်လူငယ်ဆိုင်ရာ အစည်း အဝေးဆွေးနွေးချက်များနှင့် ထွက်ပေါ်ရရှိသည့် ရလဒ်များကို လည်းကောင်း၊ ဇန်နဝါရီလ (၂၈) ရက်နေ့တွင် ကျင်းပခဲ့သည့် သဘာဝရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲမှ ဆွေးနွေးချက်များနှင့် ထွက်ပေါ်ရရှိသည့် ရလဒ်များကိုလည်းကောင်း ဇန်နဝါရီလ (၂၉) ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပ ခဲ့သည့် စတုတ္ထအကြိမ် မဟာမဲခေါင်ဒေသခွဲ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးများ အစည်းအဝေးမှ ဆွေးနွေးချက်များနှင့် ထွက်ပေါ်ရရှိလာသည့် ရလဒ်များကို ပြည်တွင်း၊ ပြည်ပ မီဒီယာအဖွဲ့များအား ရှင်းလင်းခဲ့ကြောင်း သတင်းရရှိပါသည်။