19
Nov

ရန်ကုန်တိုင်းဒေသကြီး အသိပညာပေးဟောပြောပွဲနှင့် လှုပ်ရှားမှု

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိ ပညာပေးလှုပ်ရှားမှုအနေဖြင့် ပညာပေးဟောပြောပွဲများ ပြုလုပ်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ထက်တေဇာမောင် ဦးဆောင်သောအဖွဲ့ သည် ၁၉.၁၁.၂၀၁၅ ရက်နေ့တွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ရွာသာကြီးရပ်ကွက်၊ ဓမ္မာရုံတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ရပ်ကွက်နေလူထု (၅၀) ဦး တက်ရောက်ခဲ့ပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ထက်တေဇာမောင်၊ ဒုတိယဦးစီးမှူး ဒေါ်သက်ဝေနှင်းနှင့် လက်ထောက်ဦးစီးမှူး ဒေါ်ဝင့်ဝါချိုတင် တို့မှ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ အခြေခံအကြောင်းအရာများ၊ စနစ်တကျအမှိုက်စွန့်ပစ်ရေးနှင့် ကြွပ်ကြွပ်အိတ်အကြောင်း၊ ခရမ်းလွန်ရောင်ခြည်နှင့် အိုဇုန်းလွှာကာကွယ်ရေးအကြောင်းအရာများ စသည့်ခေါင်းစဉ်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။