29
Dec

ဘားအံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးစီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှု ဆပ်ကော်မတီအစည်းအဝေး ကျင်းပခြင်း

ဘားအံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးစီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှု ဆပ်ကော်မတီအစည်းအဝေးကို ၂၇-၁၂-၂၀၂၃ ရက်နေ့ နေ့လည် (၁၅:၀၀)နာရီအချိန်တွင် ဘားအံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ (၃၀)ဦး တက်ရောက်ခဲ့ကြပါသည်။ ဆပ်ကော်မတီ အတွင်းရေးမှူးမှ ဆောင်ရွက်၍ လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ပြီး၊ ဆပ်ကော်မတီဝင်များမှ ရှေ့လုပ်ငန်းစဉ်များကို ဝိုင်းဝန်းဆွေးနွေးကြခဲ့ရာအစည်းအဝေးဆုံးဖြတ်ချက် (၃)ရပ် ချမှတ်ခဲ့ပြီး အစည်းအဝေးကျင်းပခဲ့ပါသည်။