15
Jul

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အသိပညာပေး လှုပ်ရှားမှု

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အသိပညာပေး လှုပ်ရှားမှု

“ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများ၊ လုပ်ငန်းရှင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူလူထုအကြား ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ အသိပညာတိုးပွားလာစေရန်အတွက် ပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ၁၂-၇-၂၀၁၉ ရက်နေ့နှင့် ၁၅-၇-၂၀၁၉ ရက်နေ့တို့တွင် ဦးစီးအရာရှိ  ဒေါ်သဲချိုအေးနှင့် ဒုတိယဦးစီးမှူး ဒေါ်ဆွေဆွေသွယ်တို့သည် အမှတ်(၆) အခြေခံ ပညာအထက်တန်းကျောင်း၊ ဇမ္ဗူသီရိမြို့နယ်နှင့် အမှတ်(၂)၊ မြန်မာ့သစ်လုပ်ငန်း လေ့ကျင့်ရေး သင်တန်းကျောင်း၊ ပျဉ်းမနားမြို့တို့၌လည်းကောင်း၊ ၂၃-၇-၂၀၁၉ ရက်နေ့တွင် လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မြမြသက်သည် အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်း၊ ဇမ္ဗူသီရိ မြို့နယ်၌လည်းကောင်း၊ ၂၆-၇-၂၀၁၉ ရက်နေ့နှင့် ၂၉-၇-၂၀၁၉ ရက်နေ့တို့တွင် ဦးစီးအရာရှိ ဦးနိုင်ထက်လွင်နှင့် ဒုတိယဦးစီးမှူး ဒေါ်ဆွေဆွေသွယ်တို့သည် ပျဉ်းမနားမြို့ရှိ အထက(၂) အခြေခံ ပညာအထက်တန်းကျောင်းနှင့် အထက(၄) အခြေခံပညာအထက်တန်းကျောင်းတို့၌လည်းကောင်း “ရာသီဥတုပြောင်းလဲလာမှုနှင့် သစ်ပင်စိုက်ပျိုးခြင်းအကျိုး ကျေးဇူးများ၊ စည်းကမ်းမဲ့အမှိုက် စွန့်ပစ်ခြင်း၏ သက်ရောက်မှုနှင့် ပလတ်စတစ်ညစ်ညမ်းမှု၊ လူငယ်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပြည်သူ့စကားဝိုင်း၊ ရာသီဥတုပြောင်းလဲခြင်းနှင့် မီးခိုးမြူငွေ့ပြဿနာ၊ အမှိုက်နှင့်ကြွပ်ကြွပ်အိတ် စနစ်တကျစွန့်ပစ်ရေး ” စသည့် ခေါင်းစဉ်တို့ဖြင့် ဟောပြောပို့ချဆွေးနွေး ခဲ့ပြီး စုစုပေါင်း (၉၆၄) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။”