06
May

တနင်္သာရီတိုင်းဒေသကြီး၏ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်း အမှတ်အခမ်းအနား

တနင်္သာရီတိုင်းဒေသကြီး၏ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်း အမှတ်အခမ်းအနား

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသည် အထိမ်းအမှတ်အခမ်းအနားများအား ကျင်းပပြုလုပ်လျက်ရှိရာ  တနင်္သာရီတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ၅-၆-၂၀၁၇ ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကို နံနက် (၀၉:၀၀) နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လူမှုရေးနှင့်စည်ပင်သာယာရေး ဝန်ကြီး၊  ကရင်တိုင်းရင်းသားရေးရာဝန်ကြီး၊ အစိုးရဌာနဆိုင်ရာအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဒေသခံတိုင်းရင်းသားများ၊ ဖိတ်ကြားထားသော ဧည့်သည်များ နှင့် ဆုရရှိသောကျောင်းသား/ကျောင်းသူများ၊ စုစုပေါင်း(၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

ထို့နောက် ဦးစီး(ရုံးချုပ်)မှ ပေးပို့သော ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာအား ဖတ်ကြားခြင်း၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ဗီဒီယိုခွေအားပြသခြင်း၊ ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးတစ်ခန်းရပ်ပြဇာတ်ပြသခြင်း၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခြင်းနှင့်  တက်ရောက်လာကြသူများအား လက်ကမ်းစာစောင်များ၊ တီရှပ်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပြီးနောက်  အခမ်းအနားကို (၁၂:၃၀) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း  သတင်းရရှိပါသည်။