18
May

ကြားကာလအကြံပေးလုပ်ကိုင်သူ မှတ်ပုံတင်ခြင်း အထောက်အထားလက်မှတ်ရရှိသူများ လာရောက်ထုတ်ယူနိုင်ပါကြောင်း

ကြားကာလအကြံပေးလုပ်ကိုင်သူ မှတ်ပုံတင်ခြင်း အထောက်အထားလက်မှတ်ရရှိသူများ လာရောက်ထုတ်ယူနိုင်ပါကြောင်း

 ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း အပိုဒ် ၁၇၊ အပိုဒ်ခွဲ(က)အရ အကြံ​​​ပေးလုပ်ကိုင်သူများ မှတ်ပုံတင်ခြင်း ဆိုင်ရာစည်းကမ်းသတ်မှတ်ချက် (Consultant Registration Scheme) ထုတ်ပြန်နိုင်ခြင်းမရှိ​​သေးမီ ကြားကာလအတွင်း အကြံပေးလုပ်ကိုင်သူများအား အထောက်အထားလက်မှတ် ထုတ်ပေးနိုင်ရေးအတွက် ကြားကာလအကြံပေး မှတ်ပုံတင်ခြင်းဆိုင်ရာ စိစစ် သုံးသပ်ရေးအဖွဲ့(Transitional Consultant Registration Review Board) ဖြင့် စိစစ်​ရွေးချယ်ထားသည့် လူပုဂ္ဂိုလ် (၁၁၄) ဦးနှင့် အဖွဲ့အစည်း (၃၅) ဖွဲ့အား ကြားကာလအကြံပေးလုပ်ကိုင်သူများမှတ်ပုံတင်ခြင်း အထောက်အထားလက်မှတ် (Certificate for Transitional Consultant Registration)များကို ထုတ်ပေးခွင့်ပြုခဲ့ပါသည်။ အဆိုပါ ကြားကာလအကြံပေးလုပ်ကိုင်သူ မှတ်ပုံတင်ခြင်းအထောက်အထားရရှိသူများသည် ကြားကာလ အကြံပေးလုပ်ကိုင်သူ မှတ်ပုံတင်ခြင်း အထောက်အထားလက်မှတ်(Certificate for Transitional Consultant Registration) များကို  ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနသို့ ရုံးချိန်အတွင်း မှတ်ပုံတင်မူရင်း/ မိတ္တူတို့နှင့်အတူ လာရောက်ထုတ်ယူနိုင်ပါသည်။

ဆက်သွယ်ရန်လိပ်စာ-

                ဒေါ်လှလှထွေး ၊ ဒုတိယညွှန်ကြားရေးမှူး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန

                ဖုန်း –  ၀၆၇၄၃၁၃၄၇

.

Loader Loading...
EAD Logo Taking too long?
Reload Reload document
| Open Open in new tab

Download [335.34 KB]