31
Jan

ချင်းပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ အစိမ်းရောင်စီးပွားရေး မူဘောင်(မူကြမ်း) ညှိနှိုင်းဆွေးနွေးပွဲ

     ချင်းပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် WWF-Myanmar တို့ပူးပေါင်း၍ အစိမ်းရောင်စီးပွားရေးမူဝါဒ မူဘောင်(မူကြမ်း) ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို ဟားခါးမြို့၊   အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊   အစည်းအဝေးခန်းမ၊   မြို့နယ်စုပေါင်းရုံး၌    ၃၁-၁-၂၀၁၇ ရက်နေ့ နံနက် (၀၉:၀၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်သတ္တုဝန်ကြီး ဦးမန်ဟင်းဒါးလ် တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပြီး WWF- Myanmar မှ ဦးဝင်းမြင့် နှင့် ဦးစိုင်းနေဝန်းမြင့်တို့မှ  အစိမ်းရောင်စီးပွားရေး သဘောတရားများနှင့် အစိမ်းရောင်စီးပွားရေးမူဝါဒ မူဘောင်(မူကြမ်း) အား  တင်ပြခဲ့ကြပါသည်။

             အဆိုပါဆွေးနွေးပွဲသို့ ပြည်နယ်အဆင့်ဝန်ကြီး၊ ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ WWF- Myanmar အဖွဲ့၊ အရပ်ဘက်အဖွဲ့အစည်း စုစုပေါင်း (၅၂) ဦးတက်ရောက်ခဲ့ကြပြီး အဖွဲ့အသီးသီးမှ ဒေသတွင်းရှိ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များ၊ ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများနှင့် ပတ်သက်၍ အဖွဲ့ငယ်များခွဲ၍ တင်ပြဆွေးနွေးခဲ့ကြရာ ဦးဝင်းမြင့် (WWF-Myanmar) မှ ဆွေးနွေးချက်အပေါ် ပြန်လည်သုံးသပ်တင်ပြပြီး ဆွေးနွေးပွဲအား ညနေ (၁၆:၂၀) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။