14
Jan

မွန်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အသိပညာပေးလှုပ်ရှားမှု

“ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများ၊ လုပ်ငန်းရှင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူလူထုအကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာတိုးပွားလာစေ ရန်အတွက် ပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ မွန်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ၁၄-၁-၂၀၁၉ ရက်နေ့တွင် ဦးစီးအရာရှိ ​​ဦးဆန်းကျော်နှင့် ဌာနခွဲစာရေး ဒေါ်ကြည်သာဝင်းတို့သည် မုဒုံမြို့နယ်၊ အ.ထ.က(ခွဲ) (နှီးပဒေါ)ကျောင်းနှင့် အ.ထ.က(ခွဲ)(ညောင်ကုန်း)ကျောင်းတို့၌လည်းကောင်း၊ ၁၅-၁-၂၀၁၉ ရက်နေ့တွင် လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးဝင်းနှင့် ဦးစီးအရာရှိ ဒေါ်သီတာငြိမ်းတို့သည် ကျိုက်ထိုမြို့နယ်၊ အ.ထ.က(မုပ္ပလင်) နှင့် အ.ထ.က(သိမ်ဇရပ်) ကျောင်းတို့၌လည်းကောင်း၊ ၁၇-၁-၂၀၁၉ ရက်နေ့တွင် ဒုတိယဦးစီးမှူး ဒေါ်ဟေမန်စိုးနှင့် ဒုတိယဦးစီးမှူး ဒေါ်သူသူအောင်တို့သည် ချောင်းဆုံမြို့နယ်၊ အ.ထ.က(ခွဲ)(ကွမ်သဲ)ကျောင်းနှင့် အ.ထ.က(ခွဲ) (ကွမ်ရိုက်) ကျောင်းတို့၌လည်းကောင်း၊ ၂၉-၁-၂၀၁၉ ရက်နေ့တွင် ဦးစီးအရာရှိ ဒေါ်ယဉ်ဝင်းထက်နှင့် ဒုတိယဦးစီးမှူး ဒေါ်အိသိင်္ဂီသက်တို့သည် သံဖြူဇရပ်မြို့နယ်၊ အ.ထ.က(ကျုံကဒတ်)ကျောင်း၊ အ.ထ.က(ခွဲ) (ကရင်သောင်) ကျောင်း၊ အ.ထ.က(စက်စဲ) ကျောင်းနှင့်  အ.ထ.က(သိမ်ဇရပ်) ကျောင်း တို့၌လည်းကောင်း၊ “ကမ္ဘာမြေတစ်ခွင်သာယာဖို့ ပလတ်စတစ်ညစ်ညမ်းမှုကိုတိုက်ဖျက်စို့၊ အိုဇုန်းလွှာနှင့်ခရမ်းလွန်ရောင်ခြည်အကြောင်း သိကောင်းစရာ၊ ပတ်ဝန်းကျင်အကြောင်း သိကောင်းစရာ၊ ဒီရေတောများ ထိန်းသိမ်းရေးအကြောင်း သိကောင်းစရာများ၊ ကမ္ဘာ့အပူချိန် လျှော့ချဖို့ ဆက်လက်ဆောင်ရွက်စို့၊ ရာသီဥတု ပြောင်းလဲမှုလျော့ချရေးနှင့် လိုက်လျောညီထွေ နေထိုင်ရေး အကြောင်း သိကောင်းစရာ ” စသည့် ခေါင်းစဉ်ဖြင့် ဟောပြောပို့ချဆွေးနွေးခဲ့ပြီး စုစုပေါင်း (၃၆၆၇) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။”