13
Jun

ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန်သုံး စက်ပစ္စည်းများ ထိန်းချုပ်/တားဆီးရေးနှင့် အိုဇုန်းလွှာ ထိခိုက်ပျက်စီးစေသော ဒြပ်ပစ္စည်းအစား အစားထိုးဒြပ်ပစ္စည်းများ သုံးစွဲမှု အချက်အလက် ကောက်ယူရေးဆိုင်ရာ အကြံပြုဆွေးနွေးပွဲ” နှင့် “ အကောက်ခွန်နှင့် ဥပဒေအရ အရေးယူ ဆောင် ရွက်မည့်ဌာနများမှ အရာထမ်းများအတွက် အိုဇုန်းလွှာထိခိုက်ပျက်စီးစေသော ဒြပ်ပစ္စည်းများ တင်သွင်းခြင်း/ တင်ပို့ခြင်း စီမံခန့်ခွဲမှုဆိုင်ရာ အဆင့်(၂) သင်တန်းအလုပ်ရုံ ဆွေးနွေးပွဲ”များ ကျင်းပခြင်း

ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန်သုံး စက်ပစ္စည်းများ ထိန်းချုပ်/တားဆီးရေးနှင့်  အိုဇုန်းလွှာထိခိုက်ပျက်စီးစေသော  ဒြပ်ပစ္စည်းအစား အစားထိုးဒြပ်ပစ္စည်းများ သုံးစွဲမှု အချက်အလက် ကောက်ယူရေးဆိုင်ရာ အကြံပြုဆွေးနွေးပွဲ နှင့် “ အကောက်ခွန်နှင့် ဥပဒေအရ အရေးယူ ဆောင် ရွက်မည့်ဌာနများမှ အရာထမ်းများအတွက်  အိုဇုန်းလွှာထိခိုက်ပျက်စီးစေသော  ဒြပ်ပစ္စည်းများ တင်သွင်းခြင်း/ တင်ပို့ခြင်း စီမံခန့်ခွဲမှုဆိုင်ရာ အဆင့်(၂) သင်တန်းအလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပခြင်း

ကုလသမဂ္ဂ ပတ်ဝန်းကျင်အစီအစဉ်နှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဟိုက်ဒရိုကလိုရိုဖလူရို ကာဗွန် သုံးစွဲမှု လျှော့ချရပ်ဆိုင်းရေးစီမံကိန်းအရ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၏ ညွှန်ကြားချက်၊ ခွင့်ပြုချက်များနှင့်အညီ “ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန်သုံး စက်ပစ္စည်းများ ထိန်းချုပ်/တားဆီးရေး နှင့် အိုဇုန်းလွှာ ထိခိုက်ပျက်စီးစေသော ဒြပ်ပစ္စည်းအစား အစားထိုးဒြပ်ပစ္စည်းများ သုံးစွဲမှုအချက်အလက်ကောက်ယူရေးဆိုင်ရာ အကြံပြုဆွေးနွေးပွဲ ” ကို ၂၀၁၇ ခုနှစ် ဇွန်လ ၁၃ ရက်နေ့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန (ရုံးချုပ်) ၌ ကျင်းပရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ခံများ၊ UN Environment မှ ထိုင်းနိုင်ငံအခြေစိုက် အာရှနှင့် ပစိဖိတ်ဒေသ ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန်ဆိုင်ရာအရာရှိ Mr. Pipat Poopeerasupong ၊ မြန်မာနိုင်ငံ အမျိုးသားအိုဇုန်းယူနစ်အဖွဲ့ဝင်များ၊ ရေခဲသေတ္တာနှင့် လေအေးပေးစက် တင်သွင်းဖြန့်ချိသည့် ကုမ္ပဏီ/ လုပ်ငန်းရှင်များ၊ ရေခဲသေတ္တာနှင့် လေအေးပေးစက်သုံး ဒြပ်ပစ္စည်းများ တင်သွင်း ဖြန့်ချိသည့် ကုမ္ပဏီ/ လုပ်ငန်းရှင်များနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းတို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

“အကောက်ခွန်နှင့် ဥပဒေအရ အရေးယူဆောင်ရွက်မည့် အရာထမ်းများအတွက်  အိုဇုန်းလွှာထိခိုက်ပျက်စီးစေသော  ဒြပ်ပစ္စည်းများ တင်သွင်းခြင်း/တင်ပို့ခြင်း စီမံခန့်ခွဲမှုဆိုင်ရာ အဆင့်(၂) သင်တန်းအလုပ်ရုံဆွေးနွေးပွဲ” ကို ၂၀၁၇ ခုနှစ် ဇွန်လ ၁၅ ရက်နှင့် ၁၆ ရက်နေ့များတွင် ရန်ကုန်မြို့ အကောက်ခွန်ဦးစီးဌာန သင်တန်းကျောင်း၌ ကျင်းပရာ အကောက်ခွန်ဦးစီးဌာနမှ သင်တန်းသား (၁၈) ဦးနှင့် ကုန်သွယ်ရေးဦးစီးဌာနမှ သင်တန်းသား (၅)ဦး၊ စုစုပေါင်း (၂၃) ဦး တက်ရောက်ခဲ့ကြပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန