07
Jun

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးချုပ်၏ လုပ်ငန်းဆောင်ရွက်မှု

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန(ရုံးချုပ်)သည် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်ပအဖွဲ့အစည်းများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၇-၆-၂၀၁၆ ရက်နေ့ နေ့လည် (၁၁:၀၀) နာရီ အချိန်တွင် ရုံးချုပ်၊ အစည်းအဝေးခန်းမ၌ ဂျပန်နိုင်ငံ၊ HORIBA, Ltd မှ Mr. Hedeyuki Nishibun ဦးဆောင်သောအဖွဲ့နှင့် မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်ရှိ ဆေးဆိုးလုပ်ငန်းလုပ်ကိုင်မှုများမှထွက်ရှိသည့် ရေထုညစ်ညမ်းမှုများအားသန့်စင်ရေး ဒေသတွင်း တပ်ဆင်စမ်းသပ်ခြင်း (စက်ကိရိယာများတပ်ဆင် ခြင်း) စီမံကိန်းအစည်းအဝေးအား ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။