03
Nov

အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ၏ စက်မှုစီမံကိန်းများ၊ မြို့ပြနှင့် ရပ်ရွာများ၏ ပတ်ဝန်းကျင်နှင့် စွန့်ပစ်ပစ္စည်းစီမံအုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း

အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ၏ စက်မှုစီမံကိန်းများ၊ မြို့ပြနှင့် ရပ်ရွာများ၏ ပတ်ဝန်းကျင်နှင့် စွန့်ပစ်ပစ္စည်းစီမံအုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း

၃-၁၁-၂၀၁၆ ( နေပြည်တော် )

    အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ၏ စက်မှုစီမံကိန်းများ၊မြို့ပြနှင့်ရပ်ရွာများ၏ ပတ်ဝန်းကျင်နှင့် စွန့်ပစ်ပစ္စည်း စီမံအုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ ၁၃:၀၀ နာရီအချိန်တွင် နေပြည်တော်၊ ရုံးအမှတ် (၅၃) ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ လုပ်ငန်းကော်မတီ ဥက္ကဌ ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်လင်း တက်ရောက် အမှာစကားပြောကြားပါသည်။

      အစည်းအဝေးသို့ စက်မှုစီမံကိန်းများ၊  မြို့ပြနှင့်ရပ်ရွာများ၏ ပတ်ဝန်းကျင်နှင့်  စွန့်ပစ်ပစ္စည်းစီမံအုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းကော်မတီဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။

     အစည်းအဝေး အစီအစဉ်အရ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက လုပ်ငန်းကော်မတီ၏လုပ်ငန်းဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်ရန် အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန နှင့် ဂျပန်နိုင်ငံ အခြေစိုက် IGES Centre Collaborating with UNEP on Environmental Technologies (CCET) တို့ ပူးပေါင်းရေးဆွဲလျက်ရှိသော အမျိုးသားအဆင့်၊ မြို့တော်အဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက်များနှင့်ပတ်သက်၍ IGES-CCET ကိုယ်စား ပတ်ဝန်းကျင်ဆိုင်ရာ အကြံပေး ဖြစ်သူ ဒေါက်တာဥမ္မာမေတင်လှိုင်၊ EQM Co.,Ltd က ဆွေးနွေးတင်ပြပါသည်။

    ထို့နောက် လုပ်ငန်းကော်မတီဝင်များ ဖြစ်ကြသည့် သက်ဆိုင်ရာဌာနအသီးသီးမှ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် စည်ပင်သာယာရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး တို့မှ စက်မှုဇုန်ဥက္ကဌများက ဆောင်ရွက်မည့်လုပ်ငန်းများနှင့် စပ်လျဉ်း၍ အကြံပြုဆွေးနွေးကြပြီး လုပ်ငန်းကော်မတီမှ ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ် (၂၀) ရပ်ကို ချမှတ်ပါသည်။ လုပ်ငန်းကော်မတီ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးကို ၁၇:၀၀ နာရီ တွင် ရုပ်သိမ်းခဲ့ပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန