18
Jan

မွန်ပြည်နယ်အတွင်း သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းများ ဖော်ဆောင်ရေးဦးစီးကော်မတီအပါအဝင် ကော်မတီ(၃)ရပ်၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း

မွန်ပြည်နယ်အတွင်း သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းများ ဖော်ဆောင်ရေး ဦးစီး ကော်မတီ အပါအဝင် ကော်မတီ(၃)ရပ်၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၁၇-၁-၂၀၂၄ ရက်နေ့ နေ့လည် ၁:၀၀ နာရီအချိန်တွင် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ တွင် ကျင်းပပြုလုပ်ခဲ့ရာ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍  ပြည်နယ်သယံဇာတရေးရာဝန်ကြီးမှ အမှာစကားပြောကြားပြီး ဦးစီးကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးမှ လုပ်ငန်းညှိနှိုင်း အစည်းအဝေးဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။    ထို့နောက် ပြည်နယ်ပညာရေးမှူး၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး နှင့် ခရိုင်ပညာရေးမှူး အပါအဝင် အစည်းအဝေး တက်ရောက်လာကြသူများမှ ဝိုင်းဝန်းဆွေးနွေး အကြံပြုတင်ပြခဲ့ကြပြီး အစည်းအဝေးကို နေ့လည် ၃း၀၀ နာရီအချိန်တွင် ရုပ်သိမ်း ခဲ့ပါသည်။