21
Jan

ရခိုင်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အသိပညာပေးလှုပ်ရှားမှု

.“ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများ၊ လုပ်ငန်းရှင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူလူထုအကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာတိုးပွား လာစေရန်အတွက် ပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ရခိုင်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ၂၁-၁-၂၀၁၉ ရက်နေ့နံနက်ပိုင်းတွင် ဒုတိယဦးစီးမှူး ဦးထူးဝင်းနှင့် ဒုတိယဦးစီးမှူး ဦးဝင်းဇော်တို့သည် ရမ်းဗြဲမြို့၊ အ.ထ.ကကျောင်းနှင့် အ.ထ.က(ပလုတ်တောင်) ကျောင်းတို့၌လည်းကောင်း၊ နေ့လည်ပိုင်းတွင် ဒုတိယဦးစီးမှူး ဦးမျိုးလွင်ဦးနှင့် ဒုတိယဦးစီးမှူး ဦးသန့်စင်သိန်း အမ်းမြို့၊ အမှတ်(၅)ရပ်ကွက် အ.လ.က(ခွဲ)ကျောင်း၌လည်းကောင်း၊ ၂၂-၁-၂၀၁၉ ရက်နေ့နံနက်ပိုင်းတွင် ဒုတိယဦးစီးမှူး ဦးထူးဝင်းနှင့် ဒုတိယဦးစီးမှူး ဦးဝင်းဇော်တို့သည် ရမ်းဗြဲမြို့နယ်၊ စစ်ပြားကျေးရွာ အ.ထ.က(ခွဲ)ကျောင်း၊ လက်ပန်အညာကျေးရွာ  အ.လ.က ကျောင်းနှင့် ရမ်းသစ်ချေကျေးရွာ အ.လ.က ကျောင်းတို့၌လည်းကောင်း၊ နေ့လည်ပိုင်းတွင် ဒုတိယဦးစီးမှူး ဦးမျိုးလွင်ဦးနှင့် ဒုတိယဦးစီးမှူး ဦးသန့်စင်သိန်းတို့သည် အမ်းမြို့၊ လေယာဉ်ကွင်းရပ်ကွက်၊ အ.ထ.က(၃)ကျောင်း၊ အ.ထ.က(၂)ကျောင်းနှင့် စခန်းမော်ကျေးရွာ အ.ထ.က(ခွဲ) ကျောင်းတို့၌လည်းကောင်း “ဥတုရာသီတည်ငြိမ်ရေး သင်လည်းပါဝင်လှုပ်ရှားပေး၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုအမျိုးမျိုးနှင့် ကြွပ်ကြွပ်အိတ်အန္တရာယ်၊ ပတ်ဝန်းကျင် ထိန်းသိမ်းခြင်းနှင့် ပလပ်စတစ်အန္တရယ်၊ စနစ်တကျအမှိုက်စွန့်ပစ်ရေး၊ ဒီရေတောများပြုစုထိန်းသိမ်းရေး၊ ပလပ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်စို့၊” စသည့် ခေါင်းစဉ်ဖြင့် ဟောပြောပို့ချ ဆွေးနွေးခဲ့ပြီး စုစုပေါင်း (၃၅၆၀) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။”