08
Dec

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးချုပ်၏ လုပ်ငန်းဆောင်ရွက်မှု

 ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးချုပ် အစည်းအဝေးခန်းမ၌ ၈-၁၂-၂၀၁၆ ရက်နေ့ (၀၉:၃၀) နာရီမှ (၁၂:၀၀) နာရီအချိန်အထိ ထုံရှင်းချောင်ရေအားလျှပ်စစ်စီမံကိန်း (၃၄၀ မဂ္ဂါဝပ်) ၏ ပတ်ဝန်းကျင်နှင့် လူမှုရေးထိခိုက်မှုဆန်းစစ်ခြင်း (ESIA) အစီရင်ခံစာနှင့် စပ်လျဉ်း၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကာကွယ်ရေး/သယံဇာတ) ဦးစိန်ထွန်းလင်း ဦးဆောင်၍ YEIG International Energy Development Co., Ltd မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။