07
Nov

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း

                                       ၇-၁၁-၂၀၁၆ ( ကယားပြည်နယ်)

     ကယားပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၇-၁၁-၂၀၁၆ ရက်နေ့တွင် လွိုင်ကော်မြို့၊ ကွန်ပျူတာတက္ကသိုလ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ် တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။

   အစည်းအဝေးသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာကော်မတီ အတွင်းရေးမှူး၊ ကော်မတီအဖွဲ့ဝင် (၁၇) ဦး နှင့် ဖိတ်ကြားထားသူများ တက်ရောက် ခဲ့ကြပါသည်။ အစည်းအဝေးတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီဥက္ကဌ ဦးတီရယ်က ပြည်ထောင်စုဝန်ကြီးရုံးတွင်ပြုလုပ်သည့် အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ (၁/၂၀၁၆) ညှိနှိုင်းအစည်းအဝေးမှ နာယက၊ နိုင်ငံတော် ဒုတိယသမ္မတ၏ လမ်းညွှန်ချက်ကိုလည်းကောင်း၊ ကော်မတီအတွင်းရေးမှူးမှ ကော်မတီ၏ လုပ်ငန်းဆိုင်ရာ ဆောင်ရွက်မှုများကိုလည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမော်မော်ကိုမှ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ချက်၊ စံချိန်စံညွှန်းများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ထုံးလုပ်နည်းများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးပြောကြားပါသည်။ ထို့နောက် တက်ရောက်လာသူများမှ အကြံပြုဆွေးနွေးတင်ပြကြပြီး လုပ်ငန်းကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၁၂:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်း ရရှိပါသည်။