09
Nov

ဧရာဝတီတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အသိပညာပေးလှုပ်ရှားမှု

.ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများ၊ လုပ်ငန်းရှင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူလူထုအကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာတိုးပွားလာစေရန်အတွက် ပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဟန်မျိုးအောင်သည် ၉-၁၁-၂၀၁၈ ရက်နေ့ နံနက်ပိုင်းတွင် ဖျာပုံမြို့နယ်၊ အ.ထ.က(သမိန်ထော)ကျောင်း၌လည်းကောင်း၊ နေ့လည်ပိုင်းတွင် ဖျာပုံမြို့၊ အ.ထ.က(ကျုံးကဒွန်း)ကျောင်း၌လည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ဆွေဆွေအောင်သည် ၁၂-၁၁-၂၀၁၈ ရက်နေ့တွင် ပုသိမ်မြို့၊ အ.မ.က(ဘန့်ဘွေးကုန်း)ကျောင်း၌လည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်စိမ့်စိမ့်လင်းသည် ၁၃-၁၁-၂၀၁၈ ရက်နေ့တွင် ပုသိမ်မြို့၊ အ.မ.က(စကားဝါ)ကျောင်း၌လည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်နိုင်ဦးသည် ၁၄-၁၁-၂၀၁၈ ရက်နေ့ နံနက်ပိုင်းတွင် ပုသိမ်မြို့၊ အ.ထ.က(ကြက်ပေါင်) ကျောင်း၌လည်းကောင်း၊ နေ့လည်ပိုင်းတွင် လပ္ပတ္တာမြို့၊ ယွေးနဒီခန်းမ၌လည်းကောင်း“ကျွန်ုပ်တို့၏ပတ်ဝန်းကျင်၊ ပလပ်စတစ်ညစ်ညမ်းမှုကို တိုက်ဖျက်ကြပါစို့၊ ပတ်ဝန်းကျင်ထိခိုက်ပျက်ဆီးမှု၏သက်ရောက်မှုများနှင့် ထိန်းသိမ်းကာကွယ်နိုင်သည့်နည်းလမ်းများ၊ လူသားနှင့်ပတ်ဝန်းကျင်ညစ်ညမ်းမှုများအကြောင်းသိကောင်းစရာများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပလတ်စတစ်ပြဿနာများအကြောင်း သိကောင်းစရာများ၊ ထုတ်ပြန်ပြဌာန်း ထားသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေ၊နည်းပဒေ၊ လုပ်ထုံး၊ လုပ်နည်းများနှင့် လမ်းညွှန်ချက်များ” စသည့် ခေါင်းစဉ်ဖြင့်  ဟောပြောပို့ချခဲ့ပြီး စုစုပေါင်း (၉၁၀) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။