07
Aug

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှု

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှု

အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာရေးဆွဲခြင်းဆိုင်ရာ စီမံကိန်းကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန နှင့် UN-Environment ၊ IGES- Center Collaboration with UNEP on Environmental Technologies (CCET) တို့အကြား ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စီမံကိန်း နှင့်ပတ်သက်သော အမျိုးသားအဆင့်အလုပ်ရုံဆွေးနွေးပွဲများကို ကျင်းပခဲ့ပြီး အဆိုပါအလုပ်ရုံဆွေးနွေးပွဲရလဒ်များကို အခြေခံ၍ အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုမဟာဗျူဟာနှင့် လုပ်ငန်းအစီအစဉ် (မူကြမ်း)ကို ရေးဆွဲပြုစုခဲ့ပါသည်။

အဆိုပါ ရေးဆွဲထားရှိသော နောက်ဆုံးအဆင့် (မူကြမ်း) နှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးပွဲကို ၇-၈-၂၀၁၇ ရက်နေ့ ၀၉:၃၀ နာရီ အချိန်တွင် နေပြည်တော်၊ ရုံးအမှတ် (၅၃) ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက် အမှာစကားပြောကြားခဲ့ပြီး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊ ပြင်ပအဖွဲ့အစည်းများမှ ကိုယ်စား လှယ်များ နှင့် UN-Environment ၊ IGES- Center Collaboration with UNEP on Environmental Technologies (CCET) မှ တာဝန်ရှိပုဂ္ဂိုလ်များ စုစုပေါင်း လူဦးရေ (၁၀၀) ကျော် တက်ရောက် ကြပါသည်။

အစီအစဉ်အရ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ  ညွှန်ကြားရေးမှူးချုပ်၊ ဦးလှမောင်သိန်း၊ ညွှန်ကြားရေးမှူး၊ ဦးမင်းမော် နှင့် IGES-CCET မှ Senior Researcher ဖြစ်သူ Mr. Dickella Premakumara တို့က ရေးဆွဲထားရှိသော အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုမဟာဗျူဟာနှင့် လုပ်ငန်းအစီအစဉ် (မူကြမ်း) နှင့်ပတ်သက်၍ အသေးစိတ် ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာသော ကိုယ်စားလှယ်များမှ အဆိုပါ နောက်ဆုံးအဆင့် မူကြမ်း နှင့်စပ်လျဉ်း၍ အကြံပြု ဆွေးနွေးခဲ့ကြပြီး ရှင်းလင်းဆွေးနွေးပွဲကို ၁၃:၃၀ နာရီ တွင် ရုပ်သိမ်းခဲ့ပါသည်။