09
Sep

မန္တလေးတိုင်းဒေသကြီး၏ သင်ခန်းစာပို့ချမှု

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိ ပညာပေးသင်တန်းများပို့ချလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ  ညွှန်ကြားရေးမှူး ဦးကိုကိုအေးသည် ၈.၉.၂၀၁၆ ရက်နေ့ နေ့လည် (၁၄:၀၀) နာရီအချိန်တွင် စစ်မှုထမ်းဟောင်း လေ့ကျင့်ရေးသင်တန်းကျောင်း(မန္တလေး)၌ ဖွင့်လှစ်သည့် အဆင့်မြင့်စည်းရုံးရေးသင်တန်း အမှတ်စဉ် (၃၉/၂၀၁၆) သင်တန်းတွင် သင်တန်းသား (၆၅) ဦးကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးစီမံခန့်ခွဲမှု ဘာသာရပ်အား သင်ကြားပို့ချခဲ့ကြောင်း   သတင်းရရှိပါသည်။