18
May

ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျောညီထွေဖြစ်စေရေးလုပ်ငန်းကော်မတီ တတိယ အကြိမ် ညှိနှိုင်းအစည်းအဝေး

ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျောညီထွေဖြစ်စေရေးလုပ်ငန်းကော်မတီ တတိယ အကြိမ် ညှိနှိုင်းအစည်းအဝေး

ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျောညီထွေဖြစ်စေရေးလုပ်ငန်းကော်မတီ တတိယ အကြိမ် ညှိနှိုင်းအစည်းအဝေး

အလားတူ အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီအောက်ရှိ ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျောညီထွေဖြစ်စေရေး လုပ်ငန်းကော်မတီ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁၃:၀၀ နာရီတွင် နေပြည်တော်၊ ရုံးအမှတ်(၅၃)၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ လုပ်ငန်းကော်မတီဥက္ကဌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ တက်ရောက်အမှာစကားပြောကြားပါသည်။

အစည်းအဝေးသို့ ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျောညီထွေဖြစ်စေရေး လုပ်ငန်းကော်မတီဝင်များ၊ အထူးဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။

အစည်းအဝေးအစီအစဉ်အရ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအေးက လုပ်ငန်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး မြန်မာရာသီဥတုပြောင်းလဲမှု ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်မှ နည်းပညာဆိုင်ရာအကြံပေးအရာရှိချုပ် Mr. Pasquale Capizzi က မြန်မာရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် (MCCA)၏ ဧပြီလနှင့် ဇူလိုင်လအတွင်း လုပ်ငန်းဆောင် ရွက်တိုးတက်မှုများကို ရှင်းလင်းတင်ပြပါသည်။ ဆက်လက်၍ ဒုတိယအကြိမ် အမျိုးသားဆက်သွယ်မှု အစီရင်ခံစာ (Second National Communication) စီမံကိန်းနှင့် စပ်လျဉ်း၍ စီမံကိန်းညှိနှိုင်းရေးမှူး ဦးကျော်မိုးအောင်က လုပ်ငန်းဆောင်ရွက် တိုးတက်မှုအကျဉ်းချုပ်ကို ရှင်းလင်းတင်ပြပါသည်။

ထို့နောက် လုပ်ငန်းကော်မတီဝင်များ ဖြစ်ကြသည့် စိုက်ပျိုးရေးဦးစီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ရေအားလျှစ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်း မာရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ရန်ကုန်မြို့တော်နှင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၊ Mangrove Service Network(MS)၊ Forest Resource Environment Development and Conservation Association(FREDA) တို့မှ ကိုယ်စားလှယ် များက လုပ်ငန်းကော်မတီမှ ဆောင်ရွက်မည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေးကြပြီး ရှေ့လုပ်ငန်းစဉ်(၈)ရပ်ကိုချမှတ်ကာ လုပ်ငန်းကော်မတီဥက္ကဌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ က နိဂုံးချုပ်စကား ပြောကြားပြီး ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျောညီထွေဖြစ်စေရေးလုပ်ငန်းကော်မတီ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို မွန်းလွဲ ၁၆: ၃၀ နာရီတွင် ရုပ်သိမ်းပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန